ပိုင်ရှင်ကို အသိမပေးဘဲ လယ်ယာမြေများကို အလွဲသုံးစား ရောင်းချသူများအား စိစစ်ဆောင်ရွက်ပေးပါရန် (အိတ်ဖွင့်ပေးစာ) - Myanmar National Post

Myanmar National Post

News Agency

Breaking

ပိုင်ရှင်ကို အသိမပေးဘဲ လယ်ယာမြေများကို အလွဲသုံးစား ရောင်းချသူများအား စိစစ်ဆောင်ရွက်ပေးပါရန် (အိတ်ဖွင့်ပေးစာ)





တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၅၉၉-ဂ)၊ ဦးပိုင်အမှတ် (၁၆/၁) မူလပိုင်ရှင် အမည်ပေါက် ဦးရာ ၏ လယ်ယာမြေ ဧရိယာ (၁၈.၀၀)ဧက အား နေပူကုန်းကျေးရွာနေ ဥက္ကဋ္ဌ ဦးစိန်မြင့်၊ ဦးမောင်ပု (ခ) ဦးလှမြင့်၊ ဦးမောင်သိန်း တို့မှ တစ်ဧကလျှင် (၈၅၀၀၀၀ိ/)နှုန်းဖြင့် "ကောင်းမြန်မာအောင်ကုမ္ပဏီ" သို့ ရောင်းချခဲ့ပါသည်။

အထက်ဖော်ပြပါ လယ်ယာမြေ (၁၈.၀၀)ဧကမှာ ယခု တိုင်ကြားသူ ကျွန်မ ဒေါ်အေးဝင်း ၏ ဖခင် ဦးရာ မှ ပိုင်ဆိုင်သော လယ်ယာမြေဖြစ်ပါသည်။ "ကောင်းမြန်မာအောင်ကုမ္ပဏီ" သို့ စက်မှုဇုန်မြေအဖြစ် အသုံးပြုရန်အတွက် အဆိုပါ ဦးစိန်မြင့်ပါ (၃)ဦး မှ ကျွန်မတို့ မိသားစုမသိဘဲ အလွဲသုံးစားပြု ရောင်းချခဲ့ပါသည်။

ဥက္ကဋ္ဌ ဦးစိန်မြင့်ပါ (၃)ဦး သည် မူလပိုင်ရှင်အား အသိမပေးဘဲ ရောင်းချခဲ့သည့်အတွက် အလွဲသုံးစားမှု ဖြစ်ပါသည်။ ဥပဒေနှင့်အညီ ရောင်းချခဲ့ခြင်း မဟုတ်သည့်အတွက် စိစစ်ဆောင်ရွက် အရေးယူပေးပါရန် နိုင်ငံတော်အကြီးအကဲများထံ တင်ပြတိုင်ကြားအပ်ပါသည်။


ဒေါ်အေးဝင်း (ဘ) ဦးရာ

(မှတ်ချက် - တင်ပြတိုင်ကြားမှုများအပေါ် တာဝန်ရှိသူများမှ ယနေ့ (၁၄-၁၁-၂၀၂၄) ရက်နေ့အထိ ဘာတစ်ခုမှ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိကြောင်း ကာယကံရှင်၏ ဆက်သွယ်ပြောကြားချက်အရ ပြန်လည်ဖော်ပြပေးခြင်း ဖြစ်ပါသည်။ နစ်နာသူ မိသားစုဝင်များမှာ တပ်မတော်သား မိသားစုဝင်များ ဖြစ်ပါသည်။ ခင်ပွန်းဖြစ်သူ တာဝန်ထမ်းဆောင်ရာသို့ လိုက်ပါသွားရင်း ဘိုးဘွားမိဘပိုင် လယ်ယာမြေများကို တခြားသူ က ရောင်းစားခြင်း ခံခဲ့ရပါသည်။)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)