ကွာလာလမ်ပူ၊ နိုဝင်ဘာ ၁၈
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ၁၄-၁၁-၂၀၂၄ ရက်တွင် ကျင်းပပြုလုပ်သည့် အာဆီယံ ပွဲတော် ၂၀၂၄ (ASEAN Festival 2024) ဖွင့်ပွဲအခမ်းအနားသို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် ကွာလာလမ်ပူမြို့အခြေစိုက် အာဆီယံ သံရုံးအကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့ပါကြောင်း သိရသည်။
အဆိုပါ အာဆီယံပွဲတော် ၂၀၂၄ သည် အာဆီယံဒေသ၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ယင်းအာဆီယံပွဲတော် ၂၀၂၄ တွင် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့အနေဖြင့် မြန်မာရိုးရာ ယဉ်ကျေးမှုပစ္စည်းများပြခန်းကိုလည်း အခြားအာဆီယံသံရုံးများနှင့်အတူ ပြသခဲ့ပါကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment