တာချီလိတ်မြို့၌ လူငယ်ပရဟိတဂေဟာများရှိ စာကြည့်တိုက်များသို့ ငွေကျပ်(၁၀)သိန်းတန်ဖိုးရှိ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ လူငယ်ပရဟိတဂေဟာများရှိ စာကြည့်တိုက်များသို့ ငွေကျပ်(၁၀)သိန်းတန်ဖိုးရှိ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း




တာချီလိတ်  ၊  နိုဝင်ဘာ ၁၈


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်နေ ဦးတင်နွယ်နှင့် ဇနီးဒေါ်နန်းခမ်းအောင် (စိုင်းလောဝ်ဟိန်းကုမ္ပဏီ)မိသားစုတို့က ငွေကျပ်(၁၀)သိန်း တန်ဖိုးရှိ သုတ၊ ရသ စာအုပ်စာစောင်များအား ယနေ့နံနက်ပိုင်းက ရွှေတောင်တန်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိ “မေတ္တာကမ္ဘာ” စာကြည့်တိုက်၊ တာချီလိတ်လူငယ်ပရဟိတဂေဟာရှိ “ပညာအလင်း” စာကြည့်တိုက်နှင့်မြို့နယ်စာရေးဆရာအသင်းရုံးရှိ “နေ့သစ်” ရည်ညွှန်းစာကြည့်တိုက်များသို့ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ထိုသို့ လူငယ်လူရွယ်များ စာအုပ်စာပေများဖတ်ရှုလေ့လာပြီး အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်ရရှိစေရေးအတွက် စာအုပ်စာစောင်များ လှူဒါန်းရာတွင် အလှူရှင်ဦးတင်နွယ်နှင့် ဇနီးဒေါ်နန်းခမ်းအောင် (စိုင်းလောဝ်ဟိန်းကုမ္ပဏီ) မိသားစုတို့ကိုယ်စား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် မြို့နယ်စာရေးဆရာအသင်းတို့မှ တာဝန်ရှိသူများက သွားရောက်လှူဒါန်းပေးခဲ့ရာ သက်ဆိုင်ရာ စာကြည့်တိုက်တာဝန်ခံများက လက်ခံရယူခဲ့ကြသည်။


အဆိုပါ ရွှေတောင်တန်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာတွင် သားငယ်၊ သမီးငယ် (၁၅၃)ဦး၊ တာချီလိတ်လူငယ်ပရဟိတဂေဟာတွင် သားငယ်၊ သမီးငယ်(၅၂)ဦးတို့ကို အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်း၊ အခြေခံပညာကျောင်းများ တက်ရောက်ပညာသင်ကြားစေခြင်းတို့ဖြင့် ပြုစုစောင့်ရှောက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဝေယံလင်း (တာချီလိတ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)