ကော့သောင်းမြို့နယ်အတွင်း ပြည်တော်အေးစေတီတော်မြတ်ကြီးတန်ဆောင်တိုင်ဘုရားပွဲ‌တော်တွင် ဘုရားဖူးလာပြည်သူများ၊ ဆီမီးပူဇော်သူများဖြင့် စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့နယ်အတွင်း ပြည်တော်အေးစေတီတော်မြတ်ကြီးတန်ဆောင်တိုင်ဘုရားပွဲ‌တော်တွင် ဘုရားဖူးလာပြည်သူများ၊ ဆီမီးပူဇော်သူများဖြင့် စည်ကား




ကော့သောင်း   ၊ နိုဝင်ဘာ ၁၈


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ရှိ မြို့ကျက်သရေဆောင် ပြည်တော်အေးစေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သောတန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို တန်ဆောင်မုန်းလပြည့်နေ့မှစတင်ကာ လပြည့်ကျော် ၈ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာနှင့်အညီ ကုသိုလ်ကောင်းမှုပြုလုပ်၍ ကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။


ကော့သောင်းမြို့၏ အထင်ကရဘုရားတစ်ဆူဖြစ်သည့် ပြည်တော်အေးစေတီတော်ဘုရားရင်ပြင် တော်တွင်မြို့နယ်အတွင်းရှိပြည်သူများ၊ ရပ်နီးရပ်ဝေးမှဘုရားဖူးလာပြည်သူများမှ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ နံသာတိုင်များ ထွန်းညှိပူဇော်၍ဘုရားဝတ်ပြုဆုတောင်းသူများ၊ ဆီမီးတစ်ထောင် ထွန်းညှိပူဇော်သူများနှင့် နှစ်ကျိပ်ရှစ်ဆူဘုရားများကိန်းဝပ်ဆံပယ်ရာ ပြည်‌တော်အေးသာသနာ့ ဗိမာန်တော်ကြီးတွင်လည်း ဘုရားဖူးလာပြည်သူများနှင့် အထူးစည်ကားလျက်ရှိသည့်အပြင် စားစရာမုန့်ပဲသရေစာ၊ ကလေးကစားစရာ၊ အဝတ်အထည်များစသည်ဖြင့် ဘုရားပွဲဈေးရောင်း၊ ဈေးဝယ်သူများဖြင့် ယခင်နှစ်များထက်ပင် ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)