ကွတ်ခိုင်၊ နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့ပေါ်ရှိ TNLA အကြမ်းဖက်အဖွဲ့ ခြေကုပ်ယူနေထိုင်လျက်ရှိသည့် ရပ်ကွက်(၄)ကို တပ်မတော်က ယမန်နေ့ညပိုင်းက လေကြောင်းမှ ရှင်းလင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တပ်မတော်က လေကြောင်းမှ ရှင်းလင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ TNLA အကြမ်းဖက်အဖွဲ့ကလည်း သတင်းထုတ်ပြန်ထားသည်ကို တွေ့မြင်ရသည်။
TNLA အကြမ်းဖက်အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ယမန်နေ့ နိုဝင်ဘာလ ၁၇ရက်နေ့ ည (၁၁း၄၇)အချိန်တွင် တပ်မတော်က ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ အလားတူ နိုဝင်ဘာလ (၁၇)ရက်နေ့တွင်လည်း မိုင်းငေါ့မြိုတွင် တပ်မတော်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် နိုင်ဝင်ဘာ ၁ ရက်နေ့လည်း ကွတ်ခိုင်မြို ရပ်ကွက်(၂)တွင် တပ်မတော်က ဂျက်ဖိုက်တာ (၂)စီးဖြင့် ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းကိုအသုံးပြုပြီး နေ့စဉ်ရက်ဆက် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်နေအိမ်များလည်း ထိခိုက်ပျက်စီးရှုးဆုံးခဲ့ရကြောင်း သတင်းထုတ်ပြန်ထားသည်ကို တွေ့မြင်ရသည်။
TNLA အကြမ်းဖက်အဖွဲ့က သတင်းထုတ်ပြန်ရာတွင် ၎င်းတို့၏ အကြမ်းဖက်သမားများ သေဆုံးမှုကို ထုတ်ပြန်ခြင်း မရှိဘဲ တပ်မတော်က ပြည်သူများကို တိုက်ခိုက်နေသယောင် အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်စေရန် ရေးသားထုတ်ပြန်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။
တပ်မတော်အနေဖြင့် တန်ပြန်ထိုးစစ်များ ဆောင်ရွက်သည့်အခါ အကြမ်းဖက်အဖွဲ့များအနေဖြင့် ပြည်သူလူထုကို လူသားဒိုင်းသဖွယ် အသုံးပြုမှုများ ရှိလာနိုင်သဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက်အဖွဲ့များ၏ အသုံးချခံ မဖြစ်စေရေး သတိပြုရန် လိုအပ်ကြောင်း နိုင်ငံတော်အကြီးအကဲ၏ ရှမ်းပြည်နယ် ခရီးစဉ်တွင် ပြောကြားခဲ့သည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment