ပုသိမ် ၊ နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ၁၄.၁၁.၂၀၂၄ မှ ၁၇.၁၁.၂၀၂၄ ထိ ဆောင်ရွက်လျက်ရှိသော သက်ကြီးဘိုးဘွားများအား သွားကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် သွားတုပြုလုပ်တပ်ဆင်ပေးနေမှုများအား သွားရောက် ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား သွားကျန်းမာရေး စစ်ဆေးပေးခြင်း၊ သွားနှုတ်ခြင်း၊ OPG X Ray ဓာတ်မှန်စက်ဖြင့်ရိုက်ကူး စစ်ဆေးခြင်း၊ သွားတုအံကပ် ပုံစံများရယူခြင်း၊ ပြန်လည်ချိန်ညှိခြင်း၊ အတည်ပြုထုတ်လုပ်ခြင်းများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးက ဘိုးဘွားများအား သွားတုအံကပ်များတပ်ဆင်ပေးခဲ့ပြီး ဘိုးဘွားများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကာ အားပေးစကားများပြောကြားခဲ့သည်။
အဆိုပါ သက်ကြီးဘိုးဘွားများအား သွားကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် သွားတုပြုလုပ် တပ်ဆင်ပေးခြင်းများကို ပုသိမ်မြို့၊ သီရိဝဏ္ဏဘိုးဘွားရိပ်သာ(ရွှေမြင်တင်)နှင့် စက်တော်ရာ ဘိုးဘွားရိပ်သာတို့မှ ဘိုးဘွား(၃၅)ဦး၊ ပြင်ပမှ ဘိုးဘွား(၁၂)ဦး စုစုပေါင်း(၄၇)ဦးအား သွားနှင့်ခံတွင်းအထူးကု ဆရာဝန်ကြီးများမှ စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment