ပေါင်၊ နိုဝင်ဘာ ၁၈
မွန်ပြည်နယ်၊ပေါင်မြို့နယ်ပညာရေးမိသားစု(သတ္တမ)အကြိမ်မြောက် ဓမ္မစကြာနှင့်ပဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲဒုတိယနေ့ပြိုင်ပွဲကို ယနေ့နံနက် ( ၈ )နာရီက မုကျိကျေးရွာ မဟာဗောဓိစေတီတော်မြတ်၊သာသနာ့ဗိမာန်တော်ကြီး၌ပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှုး ဒေါ်စန်းစန်းအေး က ဓမ္မစကြာနှင့်ပဌာန်းဒေသနာတော်မြတ်ရွတ်ဖတ် ပူဇော်ပြိုင်ပွဲများပြုလုပ်ကျင်းပခြင်းနှင့်စပ်လျဥ်း၍ လျှောက်ထားတင်ပြပြီး ပြိုင်ပွဲကိုစတင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို ပေါင်မြို့နယ်အတွင်းရှိ (အထက) နှင့် (အလက)ကျောင်းများ၌ ဓမ္မစကြာ တစ်ဖွဲ့လျှင် (၂၂)ဦး၊ပြိုင်ပွဲဝင် ( ၁၉ )ဖွဲ့၊ပဌာန်းဒေသနာတော် တစ်ဖွဲ့လျှင် ( ၂၅ )ဦး၊ပြိုင်ပွဲဝင် ( ၁၃ )ဖွဲ့ တို့ဖြင့် နိုဝင်ဘာလ (၁၇)ရက်နေ့မှ(၁၉) ရက်နေ့အထိ (၃)ရက်ကြာပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။
မွန်မလေး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment