မဟာအောင်မြေမြို့နယ် POWER KAW LIN ဖုန်းဆိုင်အတွင်း အမျိုးသမီး တစ်ဦးက ဓားထောက်လုယက်မှု ကျူးလွန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအောင်မြေမြို့နယ် POWER KAW LIN ဖုန်းဆိုင်အတွင်း အမျိုးသမီး တစ်ဦးက ဓားထောက်လုယက်မှု ကျူးလွန်



မန္တလေး၊ နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး နယ်မြေသတင်း မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၆၉လမ်း၊ ၃၈×၃၉ လမ်းကြားရှိ POWER KAW LIN ဖုန်းအရောင်းဆိုင်၌ ၁၈-၁၁-၂၀၂၄ ရက်နေ့ ၀၉:၁၅ အချိန်ခန့်တွင် အမျိုးသမီးတစ်ဦး က ဓားထောက်လုယက်မှု ကျူးလွန်ခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ ဖြစ်စဉ်မှာ ဖုန်းအရောင်းဆိုင်အတွင်းသို့ မိုးပွင့်ဖြူ၊၂၃နှစ်၊ မင်းလှဇာတိ၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူ ရောက်ရှိလာပြီး Kpay သိန်း ၅၀ထုတ်ချင်ကြောင်း ပြောရာ ဆိုင်ဝန်ထမ်းများမှ ဘဏ်သွားထုတ်ရန် ပြောဆိုခဲ့ကြောင်း၊ ၎င်းနောက် မမိုးပွင့်ဖြူမှ ၎င်းဖုန်းအား စစ်ဆေးပေးရန်ပြသရာ ဆိုင်ဝန်ထမ်းမှ ဖုန်းအား ကြည့်ပေးနေစဉ် မမိုးပွင့်ဖြူက ဓားဖြင့်လှန်းထိုးခဲ့သဖြင့် ဆိုင်ဝန်ထမ်းများ ထွက်ပြေးပြီး ဆိုင်တံခါးအားပိတ်ထားခဲ့ကာ သက်ဆိုင်ရာသို့ သတင်းပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားခံ မမိုးပွင့်ဖြူအား အမှုဖွင့်အရေးယူနိူင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)