စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်




မုံရွာ၊ နိုဝင်ဘာ ၂၅

(၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့ အခြေခံပညာအထက်တန်း ကျောင်းရှိ ကျန်စစ်သားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ ခန္တီးမြို့ပေါ်ရှိ အခြခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဇာတိမာန်” တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဖတ်ကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများ အားလည်းကောင်း၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများက မူလတန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် Grade- 5/ 6/ 7 အင်္ဂလိပ်၊ သင်္ချာဘာသာရပ်များတွင် ထူးချွန်များရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပေးအပ်ကြသည်။

ဆက်လက်၍ ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” တေးသီချင်းသီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ မြသိန်းတန်စေတီတော်ကြီးသို့ရောက်ရှိရာ စေတီတော်ကြီး ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် ကမ်းထိန်းနံရံများ တည်ဆောက်ပြီးစီးမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး ခန္တီးမြိုအား ချင်းတွင်းမြစ် ရေကြီးမှုမှကာကွယ်နိုင်ရန်အတွက် မြသိန်းတန်စေတီတော်အနီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဒေသ(၆)တိုင်းဒေသကြီးရုံးမှ တာဝန်ယူတည်ဆောက်ခဲ့သည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း သံကူကွန်ကရစ် မြေထိန်းတမံ အလျား ၁၅၀ ပေ တည်ဆောက်ပြီးစီးမှုနှင့် အဆိုပါစေတီကြီးအနီး၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း သံကူကွန်ကရစ်မြေထိန်းတမံ အလျား ၁၅၀ ပေ တည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ကာလတွင် စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ တည်ဆောက်သွားရေးနှင့် ချင်းတွင်းမြစ်ကြောင်းအတွင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြင့် မြစ်ကမ်းများ ရေတိုက်စားမှုမှကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်တို့အား တာဝန်ရှိသူများကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)