ဖလမ်းကို ကယ်တင်ပါ၊ ကာကွယ်ပါ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖလမ်းကို ကယ်တင်ပါ၊ ကာကွယ်ပါ



မြေပြင်အခြေအနေကိုတော့ ကျွန်တော်တို့အနေနဲ့ မြင်တွေ့နိုင်ဖို့ မလွယ်ပါဘူး။ ကြားသိရတဲ့ သတင်းစကားတွေကို အခြေခံပြီးတော့ တာဝန်ရှိသူများအနေနဲ့ အကြမ်းဖက်နှိမ်နင်းရေးကို အလေးထား ဆောင်ရွက်နိုင်ဖို့ပဲ တင်ပြနိုင်ပါတယ်။

တင်ပြမှုဟာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ အကြမ်းဖက်သမားများရဲ့ လက်ချက်နဲ့ အတိဒုက္ခရောက်ရတာမျိုး မဖြစ်စေလိုတဲ့အတွက်သာ တင်ပြခြင်းဖြစ်ပါတယ်။

၁၀-၁၁-၂၀၂၄ ရက်နေ့ကတည်းက ဖလမ်းမှာ ရဲစခန်းကို အကြမ်းဖက်သမားများတွေက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခြင်း ဖြစ်ပါတယ်။ နောက်ရက်တွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ နှိမ်နင်းမှုကြောင့် အကြမ်းဖက်သမားတွေကို အသေဖမ်းဆီးရမိခဲ့တဲ့ သတင်းတွေလည်း တွေ့မြင်ခဲ့ရပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့ အခြေအနေနဲ့ ပတ်သက်လို့ ယမန်နေ့က ဖလမ်းမြို့တိုက်ပွဲပြင်းထန်လျက်ရှိပြီး ရဲစခန်းရှိ ရဲဘော်များနှင့်  မိသားစုဝင် ၄၂ ဦး ဖမ်းဆီးထားကြောင်း ဖလမ်းမှ ၇ မိုင်အကွာ လုံပီးရပ်ကွက်တွင် အကြမ်းဖက်သမားများက ချုပ်နှောင်ထားကြောင်း သတင်းစကားများ ကြားသိရပါတယ်။ မြို့တွင်းဖုန်းလိုင်းများ ပြတ်တောက်လျက်ရှိပြီး CNDF မှ နို ၁၃ ရက်နေ့ နံနက် ၇၃၀ နာရီ နောက်ဆုံး မြို့တွင်းကျန်ရှိသူများအားလုံးထွက်ခွာရန် ထုတ်ပြန်ထားကြောင်း ကြားသိရပါတယ်။

ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ပေါင်းများစွာမှာ မြို့ရွာတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သင်ခန်းစာတွေလည်း မနည်းတော့ပါဘူး။ သက်ဆိုင်ရာ နယ်မြေအလိုက် အကြမ်းဖက်နှိမ်နင်းရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် စီမံကွပ်ကဲနေကြတဲ့ တာဝန်ရှိ လူကြီးမင်းများအနေနဲ့ အကြမ်းဖက်သမားများက ဆင်ကန်းတောတိုး လုပ်လာပြီဆိုသည်နှင့် တပြိုင် လိုအပ်တဲ့ စစ်ကူ/ ပစ်ကူ အပြည့်အဝ ဆောင်ရွက်ပေးခြင်းအားဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များကို ကာကွယ်စောင့်ရှောက်ရာရောက်သလို မြို့/ရွာများ မပျက်စီးရေးအတွက်လည်း ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။

အကြမ်းဖက်သမားများကို အောင်မြင်စွာ နှိမ်နင်းဆောင်ရွက်နိုင်ကြပါစေ


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)