တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ နိုဝင်ဘာ ၁၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၂၄ ခုနှစ်အတွက် တရုတ်နိုင်ငံသို့ ဆန်၊ ဆန်ကွဲတင်ပို့လိုသော ကုမ္ပဏီအသစ်များကို စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest- EOI) တင်ပြရန် ဇူလိုင်လ ပထမပတ်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး လျှောက်ထားလာသည့် ကုမ္ပဏီများ၏ ဆန်စက်နှင့် သိုလှောင်ရုံများကို စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) တာဝန်ရှိသူများက စစ်ဆေးခြင်း၊ ဆောင်ရွက်ထားရမည့် အချက်များနှင့် ပတ်သက်သည့် သင်တန်းပေးခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တို့ကြား လက်မှတ်ရေးထိုးခဲ့သည့် မြန်မာနိုင်ငံမှ ဆန်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်အရ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲများ တင်ပို့လိုသော ကုမ္ပဏီများ၏ အချက်အလက်များ၊ ယင်းတို့၏ ဆန်စက်နှင့် သိုလှောင်ရုံများကို မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များကို နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့မှ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ထံတင်ပြ၍ GACC တွင် မှတ်ပုံတင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ ဆန်၊ ဆန်ကွဲတင်ပို့ရန် ၂၀၂၁ ခုနှစ်တွင် GACC မှ မှတ်ပုံတင်ရရှိခဲ့သည့် ကုမ္ပဏီ ၄၃ ခု၊ ၂၀၂၂ ခုနှစ်တွင် ကုမ္ပဏီ ၁၈ ခု၊ ၂၀၂၃ ခုနှစ်တွင် ကုမ္ပဏီ ၅၀ ခုရှိခဲ့သဖြင့် စုစုပေါင်းကုမ္ပဏီ ၁၁၁ ခုကို မှတ်ပုံတင်ပေးနိုင်ခဲ့ပြီး ဆန်၊ ဆန်ကွဲများ တင်ပို့လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)