ယူကရိန်း- ရုရှားစစ်ပွဲ အတွင်း၌ ယူကရိန်းနိုင်ငံဘက်မှာ ဝင်ရောက်ကူညီတိုက်ခိုက်ပေးနေသည့် ဥရောပနှင့် အမေရိကားမှ စစ်သားများ အသေအပျောက်များလာခြင်းက ၎င်းစစ်မီးကို ပိုမိုကျယ်ပြန့်လာနိုင်စရာရှိနေသည်ဟု ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဗန်က ဒီကနေ့ အင်တာဗျူး တစ်ခုတွင် ပြောခဲ့ပါသည်။
၎င်းက “ရုရှားသတင်းတွေအရ ယူကရိန်းပိုင်နက်ထဲမှာ အမေရိကန်နဲ့ ပြင်သစ်စစ်သားတော်တော်များများ ရုရှားတွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်လို ဖော်ပြထားတယ်။ ဆိုလိုတာက အဲဒီမှာ အနောက်အုပ်စုက စစ်သားတွေ ရှိနေတယ်လို့ပြောချင်တာပါ” ဟု ပြောပါသည်။
“ဒါကြောင့် ကျွန်တော်တိုဟာ အနောက်ဥရောပ ဒါမှမဟုတ် အမေရိကန်ပြည်ထောင်စုက စစ်မှုထမ်း အဆင့်ရှိသူတွေဟာ ဒီနေ့ ယူကရိန်းမှာ သေဆုံးနိုင်တာကြောင့် အလွန်အန္တရာယ်များတဲ့ အခြေအနေမှာ ရှိနေတာပါ။ ဒါက ဘာဖြစ်တာလဲ။ သူတို့အတွက် ငါတို့ ဆုတောင်းနေပါတယ်၊ ဒါက လူတိုင်းအတွက် ကြီးကျယ်တဲ့ဆုံးရှုံးမှုတစ်ခုပါ၊ ဒါပေမယ့် စစ်ပွဲကြီးချဲ့ထွင်မှုရဲ့ အန္တရာယ်ကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။”
ယခုသီတင်းပတ်အစောပိုင်းတွင် နိုင်ငံတကာအသိအမှတ်ပြု နယ်နိမိတ်ကျော်လွန်ပြီး နက်ရှိင်းစွာ တိုက်ခိုက်ရန်အတွက် အနောက်တိုင်းမှ ထောက်ပံ့ပေးသော တာဝေးပစ်လက်နက်များကို အသုံးပြုရန် စီစဉ်နေသည့်အတွက် ယူကရိန်းကို ရုရှားက တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။
ဝါရှင်တန်အစိုးရနှင့် လန်ဒန်အစိုးရတို့က ယူကရိန်း၏ ATACMS နှင့် Storm Shadow ဒုံးခွင်းဒုံးများကို ယူကရိန်းအသုံးပြုနိုင်ရန်အတွက် ကန့်သတ်ချက်များကို ဖယ်ရှားပြီးနောက် ယခုကဲ့သို တိုက်ခိုက်မှုကို စတင်ခဲ့ခြင်းဖြစ်သည်။
အနောက်အုပ်စုမှ ကျူးကျော်သူများနှင့် ကြေးစားစစ်သားများက အမေရိကန်လုပ် ဒုံးကျည်များအား ပစ်လွှတ်မှုများ ပြုလုပ်သဖြင့် စစ်တန်းလျား အဆောက်အအုံများကို ထိမှန်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Ref : RT
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment