တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့နယ်အတွင်းရှိ ကျုံဝါးရိုးချောင်းကော ပြန်လည်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့နယ်အတွင်းရှိ ကျုံဝါးရိုးချောင်းကော ပြန်လည်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေး





ပုသိမ်၊ နိုဝင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြောင်းမြမြို့နယ်အတွင်းရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျုံဝါးကျေးရွာအုပ်စု ကံချောင်-ကျုံဝါးရိုး ချောင်းကောပြန်လည်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြောင်းမြမြို့နယ် ကျုံဝါးကျေးရွာအုပ်စု ကံချောင်-ကျုံဝါးရိုးချောင်းကော မြောင်းအလျား ၀.၇၅၇၊ ထိပ်ဝအကျယ်၂၀ပေ၊ အောက်ခြေအကျယ် ၈ ပေ၊ ပျမ်းမျှအနက် ၆ ပေ၊ ဧက ၄၀၀ အား အကျိုးပြုမည့် ချောင်းကော ပြန်လည်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စိုက်ပျိုးရေလုံလောက်စွာ ရရှိနိုင်ရေးနှင့် ရေဝင်ရေထွက်ကောင်းမွန်စေရေး ဆောင်ရွက်မည့်အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ ရေမြောင်းတူးဖော်ပြီးပါကမြောင်းတာဘောင်များ၊ မြေလွတ်များတွင် သီးနှံများစိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။ ယင်းနောက် ကျုံဝါးကျေးရွာရှိ တောင်သူဦးရွှေအေး၏ စိုက်ဧက(၅)ကတွင် ဗျော့ထွန်းမျိုးစပါး ရိတ်သိမ်းခြွေလှေ့နေမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့ပြီး စပါးစိုက်ပျိုးရိတ်သိမ်းမှု အခြေအနေများ ဆွေးနွေးမေးမြန်းခဲ့ပြီး အထွက်တိုးမျိုးစပါးများ အသုံးပြုစိုက်ပျိုးနိုင်စေရေး၊ သီးထပ်စွမ်းအားတိုးတက်စိုက်ပျိုးနိုင်ရေး မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြောင်းမြမြို့ရှိ ဦးဆန်းလင်းအောင်၏ အသားတိုးကြက် ၃၁ ရက်သားကောင်ရေ(၁၅၀၀၀)၊ ၂၁ ရက်သား ကောင်ရေ (၁၅၀၀၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးပြီး မွေးမြူထုတ်လုပ်မှုစာရင်းဇယားများ စနစ်တကျ မှတ်သားဆောင်ရွက်စေရန်၊ မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ချနိုင်ရေးဆောင်ရွက်ရန်နှင့် ဒေသထွက်တိရစ္ဆာန်အစာများ ပိုမိုအသုံးပြုရန်နှင့် ပြည်သူများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့ကာ မွေးမြူရေးခြံသုံးဆေးဝါးများ ထောက်ပံ့ပေးခဲ့သည်။ အဆိုပါအသားစားကြက်မွေးမြးရေးခြံတွင် အသားစားကြက်များကို လေအေးပေးစနစ်ဖြင့် မွေးမြူထားရှိပြီး ၃၅ ရက်ပြည့်မှစတင်၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


လှမင်းထွဋ် 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)