လွိုင်လင်မြို့တွင် Polytechnic University ( Panglong) ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့တွင် Polytechnic University ( Panglong) ဖွင့်ပွဲကျင်းပ



လွိုင်လင်၊ နိုဝင်ဘာ ၂၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန  Polytechnic University (Panglong) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်တွင် ကျင်းပပါသည်။

အခမ်းအနားသို့  ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပင်လုံတက္ကသိုလ်ပါမောက္ခချုပ်၊ နည်းပညာတက္ကသိုလ်(ပင်လုံ)၊ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ) ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ကျောင်းသား/သူများ၊ ဘင်ခရာပန်းဖွားအဖွဲ့နှင့် တက်ရောက်ကြသည်။

ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မျိုးမင်းထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများအား ဌာနဆိုင်ရာများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဘင်ခရာ ပန်းဖွားအဖွဲ့များကကြိုဆိုကြသည်။ ထို့နောက် Polytechnic University (Panglong) ဆိုင်းဘုတ်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ လွိုင်လင်တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ နည်းပညာတက္ကသိုလ်(ပင်လုံ)ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြင့်၊ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ) ဒုတိယပါမောက္ခချုပ်‌ ဒေါက်တာမြင့်မြင့်ခိုင်တို့က ဖဲကြိုးဖြဖွင့်လှစ်ပေးပြီးနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပါသည်။ ယင်းနောက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ဘင်ခရာ ပန်းဖွားအဖွဲ့များ၊ တိုင်းရင်းသားအကအဖွဲ့များ၏ တီမှုတ်ကပြဖျော်ဖြေမှုကိုကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြပြီး အခမ်းအနားပထမပိုင်းကို ရုတ်သိမ်းလိုက်သည်။ 

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို ခန်းမအတွင်း၌ ကျင်းပသည်။ ရှေးဦးစွာ ကျောင်းသား/သူနှင့် ဆရာ/ဆရာမများမှ သိပ္ပံနှင့်နည်းပညာသီချင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက် သီဆိုဖျော်ဖြေကြပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က Polytechnic University (Panglong) ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အမှာစကားမြွက်ကြားပါသည်။ ယင်းနောက် တိုင်းရင်းသားပေါင်းစုံအက၊ ရှမ်းတိုင်းရင်းသားအက၊ ပအိုဝ်းတိုင်းရင်းသားအကများဖြင့် ဖျော်ဖြေကပြနေမှုကို ဝန်ကြီးချုပ်နှင့် အကြီးအကဲများ၊ ဧည့်သည်များမှ ကြည့်ရှုအားပေးကြသည်။ ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဖွံ့ဖြိုးရေးဆောင်ရွက်ရန် ထောက်ပံ့ငွေကျပ် သိန်း (၁၀၀) ကိုပေးအပ်ရာ ဒုတိယပါမောက္ခချုပ်နှစ်ဦးက လက်ခံရယူသည်။ 

ဆက်လက်၍ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ကပြဖျော်ဖြေကြသည့် အကအဖွဲ့များကို ဂုဏ်ပြုဆုငွေပေးအပ်ပြီးနောက် ခန်းမအတွင်း၌ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ  အခမ်းအနား ဒုတိယပိုင်းကို အောင်မြင်စွာပြီးမြောက်ခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်သည်များမှ ခင်းကျင်းပြသထားသည့် ပရောဂျက်ပြခန်းများအား လိုက်လံကြည့်ရှုအားပေးပြီး သိလိုသည်များမေးမြန်းခြင်း၊ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)