မုံရွာမြို့နယ် ဗန်စီကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ လက်နက် ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့နယ် ဗန်စီကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ လက်နက် ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရရှိ






မုံရွာ၊ နိုဝင်ဘာ ၂၁

မုံရွာမြို့နယ်၊ ဗန်စီကျေးရွာအနီးတွင် နိုဝင်ဘာလ ၂၀ ရက် နေ့လည် ၁ နာရီခွဲခန့်က နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲဝင်များသည် သတင်းအရ ခွက်ဆေးကန် ဘုန်းကြီးကျောင်းအတွင်းရှိ အဆောက်အဦများအား အသေးစိတ်ဝင်ရောက်ရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းဆောင်ရွက်မှုအတွင်း လက်လုပ်သေနတ်(အရှည်) ၂ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်ရှော့တိုက်ဒုံး ၃ ခု၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၇ လုံး၊ လက်လုပ် Fixed Wing Drone (ပြုလုပ်ဆဲ) ၁ စီး၊ လက်လုပ် Drop Bomb  ၄ လုံး၊ ဗုံးသီးပြုလုပ်သည့်ပုံစံခွက် ၂ ခု၊ လက်နက်ငယ်ပြောင်း ၄၂ ခု၊ လက်နက်ကြီးပြောင်း ၆ ခု၊ ယမ်းကြိုး ၂ ခွေ၊ လက်လုပ်မိုင်း ၄ လုံး၊ သံဖြတ်စက် ၁ ခု၊ တွင်ခုံ ၁ ခု၊ ယမ်းစိမ်း(၅ ဂါလံ) ၁ ပုံး၊ အက်ဆစ်(၅ ဂါလံ) ၁ ပုံး၊ ယမ်းဝါ ၂ ပိဿာ၊ ခဲ ၃ ပိဿာ၊ ရီမု ၂ ခုတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)