မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်


မော်လမြိုင်၊ နိုဝင်ဘာ ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပရာ ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ဖတ်ကြားရှင်းလင်း ပြောကြားသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကဏ္ဍအလိုက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းများရာနှုန်းပြည့် တိုးတက်အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ မွန်ပြည်နယ်အတွင်း စိုက်ပျိုးမြေများ တိုးတက်စေရေးအတွက် လယ်ယာမြေများဖော်ထုတ်နိုင်ရေး ဆောင်ရွက်ရမှာ ဖြစ်သလို စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် အသုံးပြုထားသည့် မြေများနှင့်ပတ်သက်၍လည်း မြေအမျိုးအစားပေါ်မူတည်၍ ချမှတ်ထားသည့် တည်ဆဲမြေယာဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ အခြားနည်း အသုံးပြုနေသည်များ မဖြစ်ပေါ်စေရေး လိုက်နာထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ရန်လိုအပ်မှာဖြစ်​​ကြောင်း၊ဌာနဆိုင်ရာများအ​​နေဖြင့် မိမိတို့၏ကဏ္ဍအလိုက် ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များကို စနစ်တကျဖြင့် အောင်မြင်အောင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့လိုအပ်မှာဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာတွင်လည်း ကြုံတွေ့ရသည့်အခက်အခဲများ၊ ပေါင်းစပ် ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ ဖြေရှင်းဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြ ပေးကြ​စေလိုကြောင်း​ပြောကြားသည်။

ထို့နောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ စိစစ်တွေ့ရှိချက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်ကဌာနဆိုင်ရာ လုပ်ငန်းများကိုအဂတိတရား ကင်းရှင်းစွာဖြင့် ဥပဒေနှင့် အညီ ဖြေရှင်းဆောင်ရွက်ရန်၊ ရုံးနှင့်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိ ရသည်။


စည်သူ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)