မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြုအသင်း အမရရွှေပြည်ရက်ကန်းအဖွဲ့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြုအသင်း အမရရွှေပြည်ရက်ကန်းအဖွဲ့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြု


မန္တလေး၊ နိုဝင်ဘာ ၁၇

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီးကိုယ်စား ပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုရရှိခဲ့သည့်အမရ ရွှေပြည်ရက်ကန်းအဖွဲ့အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဂုဏ်ပြုသည့်အခမ်းအနားကို ယမန်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မန္တလေးတိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ကြိုတင်ပြင်ဆင်ကြိုးစားခဲ့မှု၊ အသင်းအဖွဲ့စိတ်ဓာတ်အပြည့်ဖြင့် ဟန်ချက်ညီ လုပ်ဆောင်ခဲ့မှု၊ ပြိုင်ပွဲစည်းကမ်းများနှင့်အညီ ယှဉ်ပြိုင်ရက်လုပ်ခဲ့မှုတို့ကြောင့် အောင်မြင်မှုပန်းတိုင်ကို စိုက်ထူနိုင်ခဲ့ပါကြောင်း၊ နောင်ပြိုင်ပွဲများတွင်လည်း တိုင်းဒေသကြီးဂုဏ်ကို ဆက်လက်ဆောင်နိုင်အောင်၊ ရိုးရာအမွေအနှစ် မတိမ်ကောမပျောက်ပျက်သွားအောင် မျိုးဆက်သစ်လူငယ်များအား ပညာအမွေများ လက်ဆင့်ကမ်းလှမ်းရင်း စဉ်ဆက်မပြတ်ကြိုးစား လုပ်ဆောင်နေကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးများက ဂုဏ်ပြုစကားများပြောကြားပြီး အသင်းအုပ်ချုပ်သူများက ပြိုင်ပွဲအတွေ့အကြုံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ အမရရွှေပြည်ရက်ကန်းအဖွဲ့မှ အသင်းအုပ်ချုပ်သူများက ပထမဆုရရှိခဲ့သည့် ဆုဖလားအားပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမရရွှေပြည် ရက်ကန်းအဖွဲ့ကို ဂုဏ်ပြုငွေကျပ် ၁၁ သိန်းကို ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)