ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ် အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပုဂံညောင်ဦးရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ် အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပုဂံညောင်ဦးရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်





နေပြည်တော်၊ နိုဝင်ဘာ ၁၆

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိနေကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရား ပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ပုဂံ-ညောင်ဦးသို့ တပ်မတော်လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာရာ နေပြည်တော် တပ်မတော်လေဆိပ်၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိများက ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ် အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးလေဆိပ်သို့ ရောက်ရှိရာ လေဆိပ်၌ သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှတာဝန်ရှိများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံဘုရား၊ ထီးလိုမင်းလိုဘုရားနှင့် အာနန္ဒာဘုရားများသို့ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဗုဒ္ဓရုပ်ပွား တော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကာ အလှူငွေများပေးအပ် လှူဒါန်းကြသည်။

ထို့နောက် ဧည့်သည်တော်အဖွဲ့သည် ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြရာ သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ပြခန်းတာဝန်ခံက ပြခန်းတစ်ခုချင်းစီအလိုက် လိုက်လံရှင်းလင်းပြသသည်။ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ် အကြီးအကဲဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး မစ္စတာအီစ်ကန်ဒဲအာဇီဇော့ဖ်တို့အား Aureum Palace Hotel တွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပြီးနောက် အဆိုပါဟိုတယ်အတွင်း၌ ပုဂံဒေသထွက်ကုန်ဖြစ်သည့် ပုန်းရည်ကြီး ထုက်လုပ်ပုံအဆင့်ဆင့်အား လိုက်လံရှင်းလင်းပြသကာ ပုန်းရည်ကြီးများ လက်ဆောင်ပေးအပ်သည်။

ယင်းနောက် ဧည့်သည်တော်အဖွဲ့သည် ဦးဘငြိမ်း ယွန်းထည်ဆိုင်သို့ သွားရောက်ပြီး ယွန်းထည်အဆင့်ဆင့်ပြုလုပ်နေမူများအား ကြည့်ရှုလေ့လာကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ် အကြီးအကဲ H.E.Mr. Alexey Sambu evich Tsydenov မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး မစ္စတာအီစ်ကန်ဒဲအာဇီဇော့ဖ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)