(၃၂၃) ကြိမ်မြောက် အာဆီယံကော်မတီ (တိုကျို)အစည်းအဝေးသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၂၃) ကြိမ်မြောက် အာဆီယံကော်မတီ (တိုကျို)အစည်းအဝေးသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်




တိုကျို၊ နိုဝင်ဘာ ၁၇

တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ(တိုကျို)၏ (၃၂၃) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် အာဆီယံကော်မတီ(တိုကျို)ဥက္ကဋ္ဌဖြစ်သော ဂျပန်နိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး Mrs. Phongsamouth ANLAVAN က ကြီးမှူး၍ လာအိုသံရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးဦးစိုးဟန်သည် ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။

 အဆိုပါအစည်းအဝေးတွင် ဂျပန်နိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အာဆီယံကော်မတီ(တိုကျို)မှ ဦးဆောင်ကျင်းပမည့် လှုပ်ရှားမှုများဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အဆိုပါအစည်းအဝေးနှင့်တစ်ဆက်စပ်တည်း အာဆီယံသံအမတ်ကြီးများနှင့် ဂျပန်နိုင်ငံ၊ ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Yoshimasa UNO   တို့အကြား Dinner Talk ကို ဆက်လက်ကျင်းပခဲ့သည်။ အဆိုပါ Dinner Talk တွင် H.E. Mr. Yoshimasa UNO   က ဂျပန်နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခံစားရစဉ် ပြန်လည်ထူထောင်ရေးဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ်များ၊  သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေး နှင့်ပတ်သက်၍ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများစသည့် ဂျပန်နိုင်ငံ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာအတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ အာဆီယံ သံအမတ်ကြီးများမှ သဘာဝဘေးအန္တရာယ်ကြုံတွေ့ရပါက ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည့် အာဆီယံနိုင်ငံများမှ နိုင်ငံသားများအား ကူညီကယ်ဆယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှုများ အပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။  


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)