ချုံချင့်၊ နိုဝင်ဘာ ၁၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စစ်ချွမ်းပြည်နယ်၊ လဲ့ရှန်းမြို့တွင် ၁၄-၁၁-၂၀၂၄ ရက်နေ့က မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့နှင့် တရုတ်နိုင်ငံ၊ စစ်ချွမ်းပြည်နယ်၊ လဲ့ရှန်းမြို့တို့အကြား ချစ်ကြည်ရေးမြို့တော် တည်ထောင်ရေး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနား၌ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် လဲ့ရှန်းမြို့ CPC ပါတီ ကော်မတီအတွင်းရေးမှူး Mr. Zhao Bo တို့က အသီးသီးမိန့်ခွန်း ပြောကြားခဲ့သည်။ ပုဂံမြို့ နှင့်လဲ့ရှန်းမြို့အကြား ယဉ်ကျေးမှု၊ ခရီးသွားလာရေးလုပ်ငန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍ များ၌ ပိုမို ပူးပေါင်းဖလှယ်မှုများ ပြုလုပ်နိုင်ရန်အတွက် အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည့် နှစ်ဘက်အကြား ချစ်ကြည်ရေးမြို့တော်တည်ထောင်ရေးနားလည်မှုစာချွန်လွှာကို မန္တလေးတိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမင်းအောင်မြင့်စိုးနှင့် လဲ့ရှန်းမြို့ မြို့တော်ဝန် Mr. Chen Guanghao တို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ၁၁−၁၁−၂၀၂၄ ရက်နေ့မှ ၁၃−၁၁−၂၀၂၄ ရက်အထိ စစ်ချွမ်းပြည်နယ်၊ ချန်သူးမြို့၌ကျင်းပပြုလုပ်သည့် ၂၀၂၄ နိုင်ငံတကာ ချစ်ကြည်ရေးမြို့တော်များ ပူးပေါင်းဆောင်ရွက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment