နေပြည်တော်၊ နိုဝင်ဘာ ၅
ပြည်ခိုင်ဖြိုးပါတီ၏ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေသည် နိုဝင်ဘာ ၅ ရက် မနက် ၆း၃၀ အချိန်က ရေကြီးရေလျှံမှု့ဖြစ်ခဲ့ရာမှ ပြန်လည်ထူထောင်ရေးဆောင်ရွက်လျှက်ရှိ သောနယ်မြေများအနက် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ တောင်သူများ၏ စိုက်ခင်းများကို မြို့နယ် ပါတီဥက္ကဋ္ဌ ဦး ကျော်နိုင်မိုးနှင့်အတူ သွားရောက်ကြည့်ရှု၍ တောင်သူများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ရေပြန်ကျပြီးနောက် လယ်ယာ အကွက်များပြန်ဖော်ခြင်း၊ ရွာခြင်းဆက်လမ်းများ ဒေသအခေါ် ယိဇာ မြေခင်း၍ ကြိတ်ခြင်း တို့ဆောင်ရွက်နိုင်ရေး နေပြည်တော်ကောင်စီနှင့် ကျေးလက်ဦးစီး၊ လမ်းဦးစီးဌာနများမှ စက်ယန္တယားများရရှိရေးချိတ်ဆက် ကူညီဆောင်ရွက်ပေးခြင်း၊ ဆောင်းသီးနှံအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး ပြင်ပ ကုမ္ပဏီများနှင့်ချိတ်ဆက်ပေးခြင်း တို့လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည် ။
ထို့နောက် အောင်မြင်ဖြစ်ထွန်းနေသော အိန္ဒိယမျိုး မတ်ပဲ စိုက်ခင်းများအား ကြည့်ရှု့၍ ဒေသခံများကို အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment