ကျောက်တလုံးကြီး ၊ နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ (၂၅)ကြိမ်မြောက် မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲတော်ကို ပထမနိမ္မိတသပိတ်မျတ်ဘုရားတောင်ပေါ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်သို့ လာရောက်ကြသော ရပ်နီး၊ ရပ်ဝေးမှ ဧည့်ပရိတ်သတ်များအား နံနက် ၉ နာရီမှစတင်၍ ကျွေးမွေးဧည့်ခံကြပြီး နေ့လယ်(၂)နာရီအချိန်တွင် ရပ်ကွက်အသီးသီးမှ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများက ရိုးရာအိုးစည်ဗုံမောင်းများဖြင့် မြို့အတွင်းမှ ပထမနိမ္မိတသပိတ်မျတ်ဘုရားတောင်ပေါ်သို့ ပဒေသာပင်လှည့်လည်ကြသည်။
ထို့နောက် ပင့်ဖိတ်သံဃာတော်အရှင်သူမြတ်များထံမှ တရားတော်များ နာယူခြင်း၊ သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ သံဃာတော်များအား ကထိန်လျာသင်္ကန်းများ၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း၍ လှူဒန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်းသိရသည်။
သန္တာဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment