တွံတေး ၊ နိုဝင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၄္- ၂၀၂၅ ပညာသင်နှစ် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန်အစပျိုးလှုပ်ရှားမှု (Students Participation Initiative -SPI) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဒေါ်ခင်မြချိုက အဖွင့်အမှာစကားပြောကြားပြီး တွံတေးခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာဝင်းမြင့်မှ သင်တန်းနှင့်ပတ်သက်၍ပြောကြားရာတွင် အခြေခံပညာကျောင်းများတွင် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန်၊ အစပျိုးလှုပ်ရှားမှုမျာလုပ်ဆောင်ရသည့် အကြောင်းအရင်းများ၊ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များကိုနားလည်သဘောပေါက်စေရန်နှင့် ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှု (Students Participation Initiative -SPI) အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြား ခဲ့ကြောင်းသိရသည်။
သင်တန်းကိုဆက်လက်ကျင်းပရာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ အလယ်တန်း(ခွဲ)ကျောင်း၊ မူလွန်ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးစုစုပေါင်း(၈၈)ဦး တက်ရောက်ပြီး သင်တန်းကို ခရိုင်ကြီးကြပ်(၁)ဦး၊ နည်းပြဆရာမကြီး ဒေါ်ခင်ခင်သောင်း ထက်/အုပ် အ.ထ.က(ကံဘဲ့)ဒေါ်ထွေးငယ်ငယ်ထွန်း လယ်/အုပ်အ.ထ.က(ခွဲ)ကျွန်းတော၊ဒေါ်ယုယုလွင် လယ်/အုပ် အ.လ.က(လက်ပံကုန်း)(၃)ဦးဖြင့် သင်ကြားကိုပို့ချသွားမည်ဖြစ်ပြီး သင်တန်းကို နိုဝင်ဘာလ(၂)ရက်နေ့မှ (၄)ရက်နေ့အထိ (၃)ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
တွံတေးသား
https://t.me/MyanmarNationalPost
No comments:
Post a Comment