နေပြည်တော်၊ နိုဝင်ဘာ ၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အောက်တိုဘာလ ၃၀ ရက်နေ့ ၀၈၃၀ အချိန် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)တွင် လမ်းလျှောက်လာသူ မလှရီ(ခ)အေးနောင့် အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၈၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၇ ၀၅ အချိန် စိုင်းခွန်လင်း(ခ)အိုက်လျန်း(ခ)စိုင်းလျန်း အား ပြင်ဦးလွင်မြို့နယ်၊ ဘိုးနေဒွန်းကျေးရွာအနီးတွင် မော်တော်ဆိုင်ကယ် ၁ စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀)၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မလှရီ(ခ)အေးနောင့်(၃၉)နှစ် နှင့် စိုင်းခွန်လင်း(ခ)အိုက်လျန်း(ခ)စိုင်းလျန်း(၃၃)နှစ်တို့အား ပြင်ဦးလွင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment