တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ၁၃၈၆ခုနှစ် စုဒ္ဒသမအကြိမ် (၁၄ ကြိမ်မြောက်) စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ၁၃၈၆ခုနှစ် စုဒ္ဒသမအကြိမ် (၁၄ ကြိမ်မြောက်) စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားသို့တက်ရောက်






ထားဝယ်၊ နို၀င်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ် စုဒ္ဒသမအကြိမ်(၁၄ ကြိမ်မြောက်)  စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်၌ကျင်းပရာ ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက သာသနာ့ဗိမာန်တော်ကြီးတွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများအား ဆက်ကပ်လှူဒါန်းပူဇော်သည်။

ထို့နောက် ဆရာတော်ကြီးများအား အခမ်းအနားဖြင့် ပင့်ဆောင်ပူဇော်ရာ မင်္ဂလာဝိုင်းတော်အဖွဲ့က စည်တော်ဖြင့် ပူဇော်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြုသော ဖိတ်ကြားထားသော ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ကာ မင်္ဂလာဝိုင်းတော်အဖွဲ့က ထူးမခြားနား သီချင်းဖြင့် သီဆိုပူဇော်ခဲ့ကြသည်။

ဆက်လက်၍ထားဝယ်မြို့၊ ဃောသိတာရာမပါဠိတက္ကသိုလ်ကျောင်းတိုက်ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ပြီးဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်l တရားလွှတ်တော်တရားသူကြီးချုပ်၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့်တိုင်းဒေသကြီးဝန်ကြီးများက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက် တိုင်းဒေသကြီးသံဃနာယက အဖွဲ့(ကူးတို့ဂိုဏ်း)ဥက္ကဋ္ဌအဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တနန္ဒဝံသထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ ဖိတ်ကြားထားသောဧည့်သည်တော်များက အခမ်းအနားကို“ ဗုဒ္ဓသာသနံ စိရံတိဌတု “သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ရုပ်သိမ်းပြီး တေရသမ(၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားအောင်မြင် ကြောင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး ငွေမိုးရွားသွန်းဖြိုးကာ မင်္ဂလာဝိုင်းတော်အဖွဲ့က အောင်စေပိုင်စေ ဓမ္မတေးဖြင့် သီဆိုပူဇော်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့က သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

စုဒ္ဒသမအကြိမ် (၁၄ ကြိမ်မြောက်) စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားတွင် ငွေပဒေသာပင်(၁၃၅) ပင် လှူဒါန်းရရှိပြီး ပစ္စည်းနှင့်ငွေပဒေသာပင်တန်ဖိုး စုစုပေါင်း( ၉၆၂ သိန်း  ၅ သောင်း ၆ ထောင် ၄ ရာ ၅၀ ဆယ်)ကျပ် အလှူခံရရှိကာ ငွေပဒေသာပင်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာ များနှင့် တာဝန်ရှိသူများက ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)