ကျောက်ဆည်၊ နိုဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည်စီးဆင်းမှုပြတ်တောက်မှုမရှိစေရေး မိုးရွာသွန်းမှုများပြီး ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် လမ်းပိုင်းများနှင့်တံတားစင်းအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့်လမ်းပိုင်းများနှင့်တံတားမှာ ဟန်မြင့်မိုရ်-မြို့ကြီး-ရွာငံ-အောင်ပန်းလမ်းမှ သံရွာနှင့်ကင်းရွာကြားရှိ ၁၀ ကီလိုမီတာနှင့် ၁၂ ကီလိုမီတာကြား ကတ္တရာလမ်းပိုင်းနှင့် အဆိုကတ္တရာလမ်းပိုင်းမှ တံတားအမှတ်(၃/၈) နောင်ခမ်းတံတားချဉ်းကပ်လမ်း၊ အမှတ်(၂)ခရိုင်ချင်းဆက်လမ်းမှ (၆၈) ကီလိုမီတာနှင့် (၆၉)ကီလိုမီတာကြား လမ်းပိုင်းနှင့် (၆၉.၈)ကီလိုမီတာနှင့် (၇၀.၄)ကီလိုမီတာလမ်းပိုင်းအကြား၊ ကျောက်ဆည်တံတားဦး မြို့ချင်းဆက်လမ်းမှ (၁၀)ကီလိုမီတာနှင့် (၁၆)ကီလိုမီတာအကြားရှိ လမ်းပိုင်း(၇)နေရာ၊ ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းမှ (၁၀)ကီလိုမီတာနှင့် (၁၁)ကီလိုမီတာကြားရှိ ရေတိုက်စား ပျက်စီးသွားသည့် မင်းစုတံတားတို့ဖြစ်ကြောင်း သိရှိရသည်။
ဟန်မြင့်မိုရ်-မြို့ကြီး-ရွာငံ-အောင်ပန်းလမ်းမှ သံရွာလမ်းသည် မန္တလေး-ကျောက်ဆည်-ရွာငံ-တောင်ကြီး မြို့တို့အတွက် အဓိကကျသောလမ်းဖြစ်ကြောင်း၊ အမှတ်(၂)ခရိုင်ချင်းဆက်လမ်းသည့် မိတ္ထီလာ- ကျောက်ဆည်- ပြင်ဦးလွင်ခရိုင်များနှင့် အဆိုပါခရိုင်အတွင်းရှိ မြို့နယ်အချို့နှင့် ကျေးရွာများအတွက် အဓိကကျသော လမ်းတစ်လမ်းဖြစ်ကြောင်းနှင့် ကျောက်ဆည်တံတားဦး မြို့ချင်းဆက်လမ်းသည့် ဒေသတွင်းကျေးရွာများအတွက် အဓိကကျပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးနှင့်ချိပ်ဆက်ထားသော လမ်းတစ်လမ်းဖြစ်ကြောင်း၊ ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းသည် ကျောက်ဆည်မြို့နှင့် မြစ်သားမြို့တို့အား ဆက်သွယ်ထားသော အတိုဆုံးလမ်းဖြစ်ကြောင်းနှင့် မင်းစု၊ လေးဆယ်ကုန်း၊ ကသဲကုန်း၊ အင်ယောင်းကျေးရွာအုပ်စုကျေးရွာများ၏ ပြည်သူများအပြင် မင်းစု-ရွာမုန်း-ဒါးရဲကောင်း လမ်းနှင့်ဆက်သွယ်ထားသည့် လမ်းဖြစ်သည့်အတွက် အခြားဒေသ ပြည်သူများအတွက် များစွာအကျိုး ရှိသည့် လမ်းတစ်လမ်းဖြစ်ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment