ဧရာဝတီတိုင်းဒေသကြီးမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သို့ တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သို့ တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်



ပုသိမ်၊ နိုဝင်ဘာ ၁

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံ၊ AGTI သင်တန်းများသို့တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများ ဩဝါဒခံယူပွဲ အခမ်းအနားကို အောက်တိုဘာလ(၃၀)ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်တင်ပြပြီးနောက် သင်တန်းသား ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သင်တန်းသားရွေးချယ်မှု လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံ၊ AGTI သင်တန်းများသို့ တက်ရောက်ရန်အတွက် မောင်မယ်များအား စနစ်တကျစိစစ်ရွေးချယ်ခဲ့ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များတွင် သွားရောက်ပညာသင်ကြားဆည်းပူးခွင့်ရသည့်သူများအနေဖြင့် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားလူမျိုးများနှင့်တွေ့ဆုံရမှာဖြစ်၍ ဆက်ဆံရေးကောင်းမွန်မှု၊ ဖော်ရွေပျုငှာမှု၊ ကူညီရိုင်းပင်းမှုများဖြင့် မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုမြှင့်တင်နိုင်ကြရန်၊ မိမိတို့တိုင်းဒေသကြီး၏ ဒေသဆိုင်ရာအချက်အလက်များကိုသိရှိပြီး အချင်းချင်း ဆွေးနွေးဖလှယ် နိုင်ကြမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ပညာသင်ယူကြရမည့် တက္ကသိုလ်၊ ကောလိပ်တို့သို့ရောက်သည့်အခါ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆရာ၊ ဆရာမများရဲ့ ပြောဆိုဆုံးမဩဝါဒစကားကို မြေဝယ်မကျနားထောင်ကြရန်လိုပါကြောင်း၊ မိမိတို့၏ ဘာသာရပ်အလိုက် ထူးချွန်ထက်မြက်အောင် ကြိုးစားရွက်ဆောင်ကြရန်နှင့် နိုင်ငံတော်၏ သားကောင်း၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားလေ့လာ သင်ယူကြစေလိုကြောင်း” အမှာစကားများ ပြောကြားသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ပြီး ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။ 

အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ် (၁၂)တက်ရောက်မည့်သူ ၁၉ ဦးနှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံ၊ AGTI သင်တန်းများသို့တက်ရောက်မည့်သူ ၂၃ ဦး စုစုပေါင်း ၄၂ ဦး တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။


လှမင်းထွဋ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)