ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်စက်မှုဇုန်ပြန်လည်လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်စက်မှုဇုန်ပြန်လည်လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်


လွိုင်ကော် နိုဝင်ဘာ ၁

ကယားပြည်နယ် လွိုင်ကော်စက်မှုဇုန်ပြန်လည်လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လွိုင်ကော်မြို့စက်မှုဇုန်ရှိ စက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ကယားပြည်နယ်စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က “ကယားပြည်နယ်သည် အခြေအနေအမျိုးမျိုးကြောင့် စီးပွားရေးဖွံ့ဖြိုးမှုနောက်ကျခဲ့သဖြင့် ယခုချိန်မှစ၍ ပြည်နယ်၏စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စက်မှုဇုန်ရှိလုပ်ငန်းများ အပြည့်အဝပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  စက်မှုဇုန်အတွင်း စိုက်ပျိုးမွေးမြူရေးကို အခြေခံသောကုန်ထုတ်လုပ်ငန်းများ၊ သစ်ကိုအခြေခံသော ကုန်ချောထုတ်လုပ်သည့်လုပ်ငန်းများ၊ ဝါးအခြေခံသောလုပ်ငန်းများ၊ ဆန်စက်၊ ဆီစက်၊ ပြောင်းအခြောက်ခံစက်လုပ်ငန်းများကို အဓိကထား ပြန်လည်လုပ်ကိုင်သွားရန်လိုကြောင်း၊ စက်မှုဇုန်လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုံခြုံရေး၊ လျှပ်စစ်မီးရရှိရေး၊ ဝင်ထွက်လမ်းများ ကောင်းမွန်ရေးတို့အပြင် လုပ်ငန်းများလုပ်ကိုင်ရာတွင် လိုအပ်သည့် အရင်းအနှီးများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများရရှိရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီပေးသွားမည်ဖြစ်ကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ကယားပြည်နယ်စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်စက်မှုကြီးကြပ်ဦးစီးဌာန၊ ပြည်နယ်လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းစသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက စက်မှုဇုန်ဥပဒေနှင့်စက်မှုဇုန်နည်းဥပဒေများ၊ စက်မှုဇုန်အတွင်း ပြန်လည်လုပ်ငန်းစတင်လိုသည့်လုပ်ငန်းများ၊  လွိုင်ကော်စက်မှုဇုန် ပြန်လည်လည် ပတ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ စက်မှုဇုန်အတွင်း လျှပ်စစ်ဓါတ်အားလိုင်းများ သွယ်တန်းချိတ်ဆက်ပေးရန်များနှင့် ဝင်ထွက်လမ်းများဆောင်ရွက်မည့် အခြေအနေများ၊ မြို့နယ်အတွင်း MSME အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ စက်မှုဇုန်များစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ဆီစက်၊ ဆန်စက်၊ စက္ကူစက်၊ ပရိဘောဂစက်ရုံ၊ ကြက်စာစက်ရုံ၊ သစ်ပါးလွှာစက်ရုံ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများစက်ရုံ၊ တွင်ခုံလုပ်ငန်းစသည့် စက်မှုလက်မှုလုပ်ငန်းရှင်များက မိမိတို့ကဏ္ဍအလိုက်လုပ်ငန်းများ ပြန်လည်လုပ်ကိုင်မည့်အစီအမံများ၊ အလုပ်ရုံစက်ရုံနှင့် စက်ပစ္စည်းများ၏အခြေအနေ၊ အရင်းအနှီး အတွက်ချေးငွေများရရှိရေး ကူညီဆောင်ရွက်ပေးရန်စသည်တို့ကို အသီးသီးဆွေးနွေးတင်ပြခဲ့ ကြသည်။

ထို့နောက် ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်းသိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)