ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ (၁၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ (၁၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


ဒဂုံမြောက်  ၊ နိုဝင်ဘာ ၂၁


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ (၁၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၃၇) ရပ်ကွက် ပင်လုံလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အစည်းအဝေးတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက “ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဌာနဆိုင်ရာများအနေနဲ့ သက်ဆိုင်ရာကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဖြစ်တဲ့ စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြီးစီးမှုရာခိုင်နှုန်းအလိုက် တိုးတက်မှုများကို လစဉ်တင်ပြရန်၊ ပွင့်လင်းရာသီ‌ ရောက်ရှိလာပြီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ‌ရေး၊ ရုံးဌာနများနှင့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသာယာ လှပစေရေး ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်၊ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိပြီး မိမိရုံးဌာနများ၌လည်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်သွားရန်၊ မိမိတို့ရုံးဌာနများ လုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်ကြရန်တို့ကို” ပြောကြားခဲ့သည်။


ဆက်လက်၍ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်ကျော်နိုင်က မြို့နယ်အတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် သက်ဆိုင်ရာကဏ္ဍများအား ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံကိန်းဦးစီးမှူးမှ တက်ရောက်လာကြသော ဌာနဆိုင်ရာများအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်‌ထောင်စုဘက်ဂျက်နှင့် တိုင်းဒေသကြီးဘက်ဂျက်များဖြင့် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းပြီးစီးမှုများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မြို့နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြင့်မြင့်ရီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)