ပင်လုံ ၊ နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်သည် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပင်လုံ)မှ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နေ့လယ် (၁) နာရီအချိန်က လူငယ်သင်တန်းကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြ၍ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သြဝါဒအမှာစကား ပြောကြားခဲ့ပြီးနောက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် လူငယ်ရေးရာသင်တန်းကျောင်းမှ နည်းပြဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူလေးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင်များသည် လူငယ်သင်တန်းကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment