တပ်ကုန်း ၊ နိုဝင်ဘာ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆောင်းသီးနှံ စိုက်ရာသီတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာ သီးနှံမျိုးစုံ ၂၃၁၉၈ ဧက သတ်မှတ်လျာထားရာ ဆောင်းဆီထွက်သီးနှံစုံ စိုက်ဧက ၉၅၈၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်သည်။
တပ်ကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက သတ်မှတ်လျာထားဧကများ ပြည့်မီအောင် ဆောင်းဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများကို အောက်တိုဘာလမှစတင်၍ စိုက်ပျိုးရာ နိုဝင်ဘာ ၂၁ ရက်အထိ ဆီထွက်သီးနှံ မြေပဲ ၆၄၉၉ ဧက၊ နှမ်း ၃၀၀၂ ဧက၊ နေကြာ ၈၁ ဧက ၊ စုစုပေါင်း ၉၅၈၂ ဧက စိုက်ပျိုးပြီးစီးကြောင်း သိရပြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ကွင်းတာဝန်ခံများက သီးနှံအထွက်နှုန်း တိုးတက်ရေးအတွက် မျိုးကောင်း၊ မျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေးနှင့် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး စသည်တို့ကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment