ကြည့်မြင်တိုင်မြို့နယ်၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ(အခမဲ့) ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြည့်မြင်တိုင်မြို့နယ်၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ(အခမဲ့) ဖြန့်ဝေ



ကြည့်မြင်တိုင် ၊ နိုဝင်ဘာ ၂၃


 ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဖြန့်ဝေခဲ့ကြောင်း သိရ​သည်။


ထိုသို့ ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊​ ကြည့်မြင်တိုင်မြို့နယ်ရုံးရှိ ဝန်ထမ်းများက သတင်းစကား လက်ကမ်းစာစောင်များကို ​(အခမဲ့) ဖြန့်ဝေပေးခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ပြောကြားသော အလယ်ပစ္စယံ ညီလာခံမိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၇-၁၂-၂၀၂၃ ရက်နေ့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ မွေးရာပါ အမျိုးသားရေးတာဝန်၊ အမျိုးသားရေးစိတ်ဓာတ်အားမာန်၊ ဗြိတိသျှတို့ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊  အမျိုးသားအောင်ပွဲနေ့ကဗျာ၊ ဆောင်ပုဒ်များနှင့် ကာတွန်းစသည်တို့ စုံလင်စွာ ပါရှိကြောင်း သိရသည်။


 ခိုင်ဇာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)