သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ ဒုတိယအကြိမ် ဟိန္ဒူရိုးရာ “ဒီပါဝလီ” ဆီမီးထွန်းပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ ဒုတိယအကြိမ် ဟိန္ဒူရိုးရာ “ဒီပါဝလီ” ဆီမီးထွန်းပွဲတော်ကျင်းပ

 



တာမွေ   ၊   နိုဝင်ဘာ      ၁၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ သင်္ဃန်းကျွန်းခရိုင်မှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ် ဟိန္ဒူရိုးရာ “ဒီပါဝလီ” ဆီမီးထွန်းပွဲတော်အခမ်းအနားကို ယမန်နေ့ညနေ (၄)နာရီအချိန်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့်အဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဗဟို ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်(ဟိန္ဒူဘာသာ)၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ ဗဟို အမျိုးသမီးရေးရာ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်မြသွေး၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ သင်္ဃန်းကျွန်းခရိုင်နှင့် မြို့နယ်များမှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဟိန္ဒူဘာသာမှ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဗဟိုဥက္ကဋ္ဌ ဦးဝဏ္ဏ၊ သင်္ဃန်းကျွန်းခရိုင် ဥက္ကဋ္ဌ ဦးကျော်စည်သူ၊ ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းဆွေ၊ ဦးအောင်ဆန်း၊ ဦးမောင်မောင်၊ ဦးကျော်မင်း၊ ဦးလှရွှေတို့က ဟိန္ဒူရိုးရာ “ဒီပါဝတီ” ဆီမီးထွန်းညှိ၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာကြသော ဂုဏ်သရေရှိ လူကြီးမင်း များအား “ဒီပါဝလီ” ခြုံလွှာနှင့် ဂုဏ်ပြုပန်းကုံးများ ချီးမြှင့်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဌ ဦးထွန်းထွန်းဦးက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ရန်ကင်းမြို့နယ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဦးဇော်မင်းက “ဒီပါဝလီ” ပွဲတော်နှင့် ပတ်သက်သည့် ဂုဏ်ပြုစကားအား ချီးမြှင့်ပြောကြားခဲ့သည်။ 

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ သင်္ဃန်းကျွန်းခရိုင်၊ ဟိန္ဒူဘာသာကိုယ်စား ခရိုင်နာယက ဦးဘနီက “ဒီပါဝလီ” ပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ မဟာသာသနာ့ဗိမာန်တော်ကြီး အတွက် လှူဒါန်းသော အလှူငွေကျပ် နှစ်သိန်းငါးသောင်းတိတိအား ခရိုင်ဥက္ကဋ္ဌ ဦး‌ကျော်စည်သူက ပေးအပ်ရာ မဟာသာသနာ့ဗိမာန်တော်ကြီး ဥက္ကဋ္ဌ ဦးဌေးဝေက လက်ခံရယူခဲ့သည်။ ဆက်လက်ပြီး ဟိန္ဒူရိုးရာ “ဒီပါဝလီ” ဆီမီးထွန်းပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာတာဝန် ရှိသူများက လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက် သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်စည်သူက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသော တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအား အိန္ဒိယသံရုံးမှ ဆွာမိ ဝိဝေကာ နံ့သာ ကလ်ယ်ရယ်စင်တာ ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့မှ ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်၍ ဒီပါဝလီ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံပြီး အခမ်းအနားအား ညနေ (၆)နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)