မကွေးမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် လူငယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းဆောင်ရန်အတွက် ဖမ်းဆီးသွားကြောင်း သတင်းတု သတင်းမှားများ ရေးသားထုတ်လွှင့် လျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် လူငယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းဆောင်ရန်အတွက် ဖမ်းဆီးသွားကြောင်း သတင်းတု သတင်းမှားများ ရေးသားထုတ်လွှင့် လျှက်ရှိ



နေပြည်တော်၊ နိုဝင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် တို့တွင် နိုဝင်ဘာလဆန်းပိုင်းက လူငယ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းဆောင်ရန် အတွက် ဖမ်းဆီးသွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများ ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန်ဝေလျက်ရှိကြောင်းတွေ့ရှိရသည်။

အဆိုပါသတင်းသည် သတင်းအမှားဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိုသို့စစ်မှုထမ်း ရန်အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းများမရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်းခေါ်ဆောင်ရာတွင် ပြည်သူ့စစ်မှုထမ်း ခေါ်ယူရေးဥပဒေစည်းမျဉ်းစည်းကမ်းအတိုင်း လက်တွေ့မြေပြင်တွင် အဆင့်ဆင့် စစ်ဆေးပြီးမှ ခေါ်ယူလျက်ရှိကြောင်း၊ လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၆)အထိ အောင် မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းဆင်းပြီးသော နိုင်ငံသားကောင်း ပြည်သူ့စစ်မှုထမ်း စစ်သည်များသည်လည်း တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊

အဆိုပါသတင်းများသည် အကြမ်းဖက်အားပေး ပြည်ဖျက် မီဒီယာများက အမြင်ကျဉ်းစွာဖြင့် ပြည်သူများ စိုးရိမ်ပူပန်မှု မြင့်တက်စေရန်နှင့် လူငယ် များ လမ်းမှားရောက်စေရန် ရည်ရွယ်ပြီး မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်နေသည့် သတင်းတုသတင်းမှားများသာဖြစ်ကြောင်း သတင်း ရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)