ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် မုံရွာမြို့တွင် ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် မုံရွာမြို့တွင် ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ


နေပြည်တော်၊ နိုဝင်ဘာ ၆

ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် မုံရွာမြို့မှ လူငယ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လှုံ့ဆော်ဝါဒ ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မုံရွာမြို့မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မုံရွာမြို့အတွင်း ပြည်သူများ အေးချမ်းစွာလုပ်ကိုင်နေထိုင်နိုင်ရေးအတွက် လိုအပ်သည့်နယ်မြေ လုံခြုံရေးဆိုင်ရာလုပ်ငန်းများ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ နယ်မြေလုံခြုံရေးဆောင်ရွက် လျက်ရှိသည်ကို အကြမ်းဖက်အဖွဲ့အစည်းများနှင့် တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင် လွဲမှားစေရန် လုပ်ကြံရေးသားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့် နေ့မှစ၍ ပြည်သူ့စစ်မှုထမ်းဆောင်ရန်အကျုံးဝင်သည့် ပြည်သူများကို ဖမ်းဆီးခြင်း၊ လမ်းသွားလမ်း လာများကို ပေါ်တာဆွဲခြင်းစသည့် သတင်းတု၊ သတင်းအမှားများကို ပြည်သူများအထင်အမြင်လွဲမှား စေရန် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)