ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ကျင်းပမည်


ရန်ကုန်၊ နိုဝင်ဘာ ၃ဝ

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် စတုတ္ထအကြိမ် ခရီးရှည်မြင်းစီး အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၃၀ ရက်တွင် ညောင်ဦးမြို့၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါ အားကစားပြိုင်ပွဲ ကို တုရင်တောင်ခြေတွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အားကစား သမားနှင့် မြင်းသည် ဒီဇင်ဘာ ၂၀ ရက်တွင် ရောက်ရှိရမည် ဖြစ်သည်။ ပြိုင်ပွဲဝင်တစ်ဦးလျှင် ဝင်ကြေး ကျပ်တစ်သိန်းနှင့် အတူ ဝင်ခွင့်လျှောက်လွှာတွင် အချက်အလက်များ ဖြည့်စွက်၍ မြန်မာနိုင်ငံ မြင်းစီးအား ကစားအဖွဲ့ချုပ်သို့ ဒီဇင်ဘာ ၁၀ ရက် နောက်ဆုံးထားပေးပို့ ရမည်ဖြစ်သည်။ 

အရည်အချင်း စစ်ပြိုင်ပွဲ စည်းကမ်းသတ်မှတ်ချက်များပြည့်မီရန်နှင့် ခရီးရှည် မြင်းစီးအားကစားပြိုင်ပွဲတွင် ပါဝင်သော ပြိုင်ပွဲသုံးမျိုးအား ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်မည်ဖြစ်သည်။ 

ပြိုင်ပွဲသို့ ကမ္ဘာ့မြင်းစီးအားကစားအဖွဲ့ ချုပ်မှ ဒိုင်ချုပ်တစ်ဦးနှင့် ကမ္ဘာ့မြင်းစီးအားကစားအဖွဲ့ချုပ်က FEl Vet တစ်ဦး လာရောက်မည် ဖြစ်ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)