နေပြည်တော်၊ နိုဝင်ဘာ ၂၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထု အခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန များမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၃ ဒသမ ၆၀၂၀ တန်၊ သစ်မာ ၁ ဒသမ ၆၃၉၀ တန်၊ အခြားသစ် ၁၇၄ ဒသမ ၅၇၃၂ တန် စုစုပေါင်း ၁၇၉ ဒသမ ၈၁၄၂ တန်၊ ယာဉ်/ယန္တရား လေးစီး၊ တရားခံ ၁၃ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment