နေပြည်တော်၊ နိုဝင်ဘာ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များလိုက်ပါ၍ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
လှိုင်သာယာမြို့နယ်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတားနှင့် မီးခွက်ဈေးအကြားရှိ ရေမြောင်း များ ထိန်းသိမ်းပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ လမ်းတစ်လျှောက် အရိပ်ရသစ်ပင်များ စနစ် တကျစိုက်ပျိုးထားရှိရေးနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရင့်နောင်ပန်းခြံသို့ ရောက်ရှိရာ ပန်းခြံအတွင်း ဘက်စုံသုံး အဆောက်အဦများ၊ ပျော်ပွဲရွှင်ပွဲကျင်းပရန်နေရာများ၊ ယာဉ်ရပ်နားရန်နေရာများ၊ ကစားကွင်းများ၊ ရေကူးကန်များအပါအဝင် အများပြည်သူအပန်းဖြေရန်နေရာများ ဆောင်ရွက်လျက်ရှိမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မြို့တော်ဝန် ဦးဘိုဌေး က ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပန်းခြံရှင်းလင်းဆောင်ခန်းမတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လှိုင်သာယာမြို့နယ်သို့ ရောက်ရှိစစ်ဆေးစဉ်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင် ရွက်ရန်လမ်းညွှန်ချက်များအား ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဘုရင့်နောင်ပန်းခြံ အတွင်း ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့မှုနှင့် ပြည်သူအများအပြား ပျော်ရွှင်စွာ လာရောက် ဆင်နွဲခဲ့မှုများ၊ လှိုင်သာယာမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက် ရှိမှုအခြေအနေများ၊ လှိုင်သာယာတိုးချဲ့ပန်းခြံဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရေးအတွက် ရေစီး ရေလာကောင်းမွန်ရေး၊ ရေဝင်ရေထွက်ကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိမှုအခြေ အနေ များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လှိုင်သာယာမြို့နယ်သည် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ကြ သူများ အများအပြားနေထိုင်ကြသည်ဖြစ်သဖြင့် ပလက်ဖောင်းများ အဆင့်မီကောင်း မွန် ရမည်ဖြစ်ကြောင်း၊ မြို့နယ်စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပရေးတို့ အတွက် စနစ်တကျစီမံကိန်းချ၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့အကွက်ချပုံကို စနစ်တကျဖြင့် ရေးဆွဲဖော်ဆောင်ထားသည့် မြို့ဖြစ်သဖြင့် အဆင့်မီသည့် မြို့တစ်ခုဖြစ် စေရေး ဆက်လက်အကောင်အထည်ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း၊ မြို့နေပြည် သူလူထုနှင့် ကိုက်ညီသည့် လူနေမှုပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးရမည်ဖြစ်ပြီး ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်ရမည်ဖြစ်ကြောင်း၊ နေထိုင်သူများကျန်းမာရေး ကောင်းမွန်စေရေး၊ သန့်ရှင်းမှုစနစ်တကျရှိစေရေး၊ ရေလုံလောက်စွာရရှိရေး တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ အများ အသုံးပြုရန် ကောင်းမွန်သည့်သုံးရေ ရရှိရေးအတွက်လည်း ဖြည့်ဆည်းဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာလျင် အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် ပြည်သူလူထုကျန်းမာရေးကောင်းမွန်မှုရှိရန် မိမိတို့အစိုးရအဖွဲ့မှ တာဝန်ရှိသူများက လို အပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လှိုင်သာယာတွင် ရေစီး ရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်းဆောင်ရွက်ပေးရမည့်ကိစ္စတစ်ခုဖြစ်သဖြင့် အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ရေဝင် ရေထွက်ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ မြို့ပြများ၌ စိမ်းလန်းစိုပြေရေး Green Zone ကို ဖော်ဆောင်ရာတွင် သုံးမိုင်ပတ်လည်အကွာအဝေးအတွင်း၌ Green Zone များ ဖော် ဆောင်ပေးထားရန်နှင့် အိမ်ခြံဝန်းများ လမ်းဘေးဝဲယာများ၌လည်း သစ်ပင်များ စိုက် ပျိုးစေရေးကြပ်မတ်ဆောင်ရွက်သွားရန် မူဝါဒ ချမှတ်ပေးထားပြီးဖြစ်သဖြင့် အကောင် အထည်ဖော်ဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် လှိုင်သာယာမြို့နယ်အကွက်ချ ပုံစံငယ်အား ကြည့်ရှု၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နိုင်မည့်အခြေအနေများကို တာဝန်ရှိသူများအား မှာကြားသည်။
ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ ရောက်ရှိကြရာ ပါမောက္ခချုပ် ဒေါက်တာ ကြည်စိုးနှင့် ဆရာ၊ ဆရာမများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် တက္ကသိုလ်အတွင်း ဆောက်လုပ်လျက်ရှိသည့် ပင်မသုံးထပ်စာသင် ဆောင်အသစ်အတွင်းရှိ ခန်းမဆောင်အတွင်း၌ ပါမောက္ခချုပ်က တက္ကသိုလ်၏ တည် နေရာနှင့် သမိုင်းအကျဉ်း၊ ဘာသာရပ်အလိုက် ကျောင်းသား၊ကျောင်းသူများ တက် ရောက်ပညာသင်ကြားလျက်ရှိမှု၊ ဘာသာရပ်အလိုက် သင်ကြားရေးဝန်ထမ်းများနှင့် စီမံဝန်ထမ်းများခန့်အပ်ထားရှိမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ်လမ်းညွှန်မှာကြားချက်များအား အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ဥပဓိရုပ် ကောင်း မွန်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ တက္ကသိုလ်အင်္ဂါရပ်နှင့်ပြည့်မီစေရေးအတွက် တိုးချဲ့စာသင်ဆောင်များနှင့် ခန်းမများ၊ အခြား အထောက်အကူပြုအဆောင်များ တည် ဆောက်ရာတွင် အသေးစိတ်ကအစ ထည့်သွင်းတွက်ချက်စဉ်းစားကာ ရေရှည်ကိုကြည့် ၍ ဆောင်ရွက်ရန်လိုကြောင်း၊ ကျောင်းဝင်းအတွင်း သစ်ပင်ပန်းမန်များစိုက်ပျိုးခြင်း၊ လူသွားလမ်းများ၊ အားကစားပြုလုပ်ရာနေရာများနှင့်အပန်းဖြေနေရာများ ဆောင်ရွက် ရာ၌ ကျောင်းသားဦးရေအချိုးနှင့်ကိုက်ညီသည့် အကျယ်အဝန်းများနှင့် အကွာအဝေး များ ဖြစ်စေရေး စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ပင်မသုံးထပ်စာသင်ဆောင်အသစ် တည်ဆောက်ပြီးစီးမှုအခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment