နေပြည်တော်၊ နိုဝင်ဘာ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့က ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေး ရှင်း၊ တာယာစက်ရုံ(ရွာမ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် စက်ရုံအတွင်းရှိ မော်တော်ဆိုင်ကယ် တာယာနှင့် ကျွတ်ထုတ်လုပ်သည့် အလုပ်ရုံသို့ ရောက်ရှိပြီး တာယာနှင့်ကျွတ်များ ထုတ်လုပ်နေမှု၊ တာယာအရည် အသွေး စစ်ဆေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
ထို့နောက် စက်ရုံအစည်းအဝေးခန်းမတွင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ညိုစော၊ စက်ရုံမှူးကြီး ဦးကျော်ကျော်စိုး တို့က စက်ရုံသမိုင်း အကျဉ်း၊ စက်ရုံလုပ်ငန်းဆောင်ရွက်နေမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်လာရောက်စစ်ဆေးစဉ် လမ်းညွှန်ချက်များအား အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်းလိုအပ်ချက်များသည့် မော်တော်ဆိုင်ကယ်တာယာအား တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိမှုနှင့် သုံးဘီးဆိုင်ကယ် တာယာများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်းဈေးကွက်နှင့်ပြည်ပ ဈေးကွက်ပိုမိုရရှိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ဆိုင်ကယ်အစီးရေ ၅ သန်းခန့်ရှိပြီး ပြည်တွင်း တာယာလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး အမြတ်ကို အဓိကမထားဘဲ အရေအတွက် များများဖြင့် အရည်အသွေးပြည့်မီစွာ ရောင်းချပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ထုတ်လုပ်သည့် ဆိုင်ကယ်တာယာများအပြင် အခြား ပြည်တွင်းမှ ထုတ်လုပ်သည့် မော်တော်ဆိုင်ကယ်တာယာများ ဈေးကွက်ရရှိရေးကိုလည်း ဆောင်ရွက် ပေးရန်လိုကြောင်း၊ ပြည်တွင်းလိုအပ်ချက်အတွက် ပြည်ပမှ တင်သွင်းနေရသည့် အတွက် နိုင်ငံခြားငွေများ ကုန်ကျနေရသကဲ့သို့ ပြည်သူများအနေ ဖြင့်လည်း ဈေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူသုံးစွဲနေရကြောင်း၊ ထို့ကြောင့် ပြည်တွင်းမှ ထုတ်လုပ် သည့်တာယာများဖြင့် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဈေးကွက်လိုအပ်ချက်နှင့် ဈေးကွက်အတွင်း အသုံး များသည့် အမျိုးအစားများကို သိရှိအောင် ဆောင်ရွက်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက် တိုးမြှင့်ရရှိနိုင်ရေး ဈေးကွက်ရှာဖွေဆောင်ရွက်သွားရန်လိုကြောင်း၊ စက်စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်နိုင်မှုအပေါ်မူတည်၍ သက်သာချောင်ချိရေးနှင့် ထိုက်သင့်သည့် ချီးမြှင့်မှုများ ဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကဆောင်ရွက်သည့် နိုင်ငံဖြစ်သည့်အတွက် လယ်ယာ သုံးစက်ကိရိယာများတွင်အသုံးပြုသည့် တာယာများကိုလည်း ထုတ်လုပ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်း၌ အဆင့်မြင့် ရာဘာများ ထုတ်လုပ်နိုင်ရေးနှင့် ရာဘာထုတ်ကုန်ပစ္စည်းများတိုးမြှင့်ထုတ်လုပ်နိုင်ရေး အတွက် လည်း ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် သည် တာယာစက်ရုံ(ရွာမ)မှ ဝန်ထမ်းများအတွက်ချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန် ရှိသူတစ်ဦးက လက်ခံရယူသည်။
အဆိုပါ တာယာစက်ရုံ(ရွာမ)မှထုတ်လုပ်သည့် TRI STAR တာယာများကိုပြည်ပ နိုင်ငံများသို့ တင်ပို့ရလျက်ရှိပြီး အရည်အသွေးကောင်းမွန်ခိုင်ခံ့မှုများကြောင့်ပြည်ပဈေး ကွက်တွင် လူကြိုက်များသည့် တာယာအမျိုးအစားအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ သုတေသနပြု ဆန်းစစ်ချက်များအရ ပြည်ပမှတင်သွင်းသည့် အခြားတာယာများထက် TRI STAR တာယာများသည် အရည်အသွေးကောင်းမွန်ခိုင်ခံ့မှုရှိသည့်အပြင် ဈေးနှုန်း မှန်ကန်စွာဖြင့်လည်း ပြည်တွင်း၌ ဝယ်ယူသုံးစွဲနိုင်ကြောင်း သိရှိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment