ကျောက်တန်းမြို့နယ် ပျဥ်းမကန်ကျေးရွာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ် ပျဥ်းမကန်ကျေးရွာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး




ကျောက်တန်း နို၀င်ဘာ ၂၃


ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ဖြင့် ပျဥ်းမကန်ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေး ဂဝံလမ်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့က ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်း၀င်လတ်နှင့် ၀န်ထမ်းများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်း၀င်းလတ်နှင့် ၀န်ထမ်းများသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကော်မတီ၀င်များနှင့်အတူ ပျဥ်းမကန်ကျေးရွာ၌  အရှည်ပေ ၂၃၉၀၊ အကျယ် ခြောက်ပေ၊ အမြင့် ခြောက်လက်မရှိ ဂဝံလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။


အဆိုပါ ဂဝံလမ်းလမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးငွေကျပ် သိန်း (၁၅၀)၊ ပြည်သူလူထု ထည့်၀င်ငွေကျပ် သိန်း (၂၀) စုစုပေါင်းရန်ပုံငွေကျပ် သိန်း (၁၇၀) ကို အသုံးပြု၍ ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု အနီးကပ်ကြီးကြပ်မှု ဖြင့်ကျေးရွာသူရွာသားများကိုယ်တိုင် ယခုနှစ် နို၀င်ဘာလဒုတိယအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ လုပ်ငန်းအားလုံး၏ ၈၀ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


နေလင်းကျော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)