နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ခေတ်မီအတတ်ပညာများ၊ နည်းပညာများကို လေ့လာဆည်းပူးနေရမည်ဖြစ်ပြီး ဆန်းသစ်သည့် အယူအဆ၊ အတွေးအခေါ်များဖြင့် အရည်အသွေးတိုးတက်အောင် ကြိုးစားကြရန်လို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ခေတ်မီအတတ်ပညာများ၊ နည်းပညာများကို လေ့လာဆည်းပူးနေရမည်ဖြစ်ပြီး ဆန်းသစ်သည့် အယူအဆ၊ အတွေးအခေါ်များဖြင့် အရည်အသွေးတိုးတက်အောင် ကြိုးစားကြရန်လို


နေပြည်တော်၊ နိုဝင်ဘာ ၁

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၇) သင်တန်းဆင်းပွဲအခမ်းအနားကို ယမနနေ့က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်က အစဉ်တိုးတက်ပြောင်းလဲနေသည့် ပညာခေတ်တွင် ကျောင်းသားများ၏ ပညာရည်မြင့်မားရေးနှင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ခေတ်မီအတတ်ပညာများ၊ နည်းပညာများကို လေ့လာဆည်းပူးနေရမည်ဖြစ်ပြီး ဆန်းသစ်သည့် အယူအဆ၊ အတွေးအခေါ်များဖြင့် အရည်အသွေးတိုးတက်အောင် ကြိုးစားကြရန်လိုကြောင်း၊ တပည့်များကို ပညာတတ်မြောက်ရန် သာမကအသိအမြင်၊ ဗဟုသုတများရှိအောင် လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား ၇၃ ဦး၊ သင်တန်းသူ ၂၈၄ ဦး စုစုပေါင်း ၃၅၇ ဦး တက်ရောက် ကြပြီး သင်တန်းကာလ ရက်သတ္တငါးပတ်ကြာမြင့်ခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)