မြန်မာနိုင်ငံတွင် ရုရှား-မြန်မာစီးပွားရေးကောင်စီ၏ မိတ်ဖက်အဖွဲ့အစည်း ဖွဲ့စည်းရန် ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံတွင် ရုရှား-မြန်မာစီးပွားရေးကောင်စီ၏ မိတ်ဖက်အဖွဲ့အစည်း ဖွဲ့စည်းရန် ဆွေးနွေး


နေပြည်တော်၊ နိုဝင်ဘာ ၁

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာ စီးပွားရေးကောင်စီ (Russian - Myanmar Business Council-RMBC)ဥက္ကဋ္ဌ Mr. Aleksei SHUPLOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁)၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအလားအလာများနှင့် လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံနယ်ပယ်စုံတွင် စီးပွားရေးလုပ်ငန်းများအချင်းချင်း တိုက်ရိုက်အဆက်အသွယ်များ ထူထောင်ရေးနှင့် မြန်မာနိုင်ငံတွင် ရုရှား-မြန်မာစီးပွားရေးကောင်စီ၏ မိတ်ဖက်အဖွဲ့အစည်း ဖွဲ့စည်းရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြ သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)