ရန်ကုန်မြို့ရှိ သမိုင်းဝင်ကျိုက္ကဆံဆံတော်ရှင်စေတီတော်၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ယှဉ်ပြိုင်ပွဲကျင်းပပြုလုပ်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့ရှိ သမိုင်းဝင်ကျိုက္ကဆံဆံတော်ရှင်စေတီတော်၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ယှဉ်ပြိုင်ပွဲကျင်းပပြုလုပ်မည်

 





တာမွေ    ၊ နိုဝင်ဘာ      ၁၄

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ သမိုင်းဝင် ကျိုက္ကဆံဆံတော်ရှင်စေတီတော်၌ နှစ်စဉ်ကျင်းပမြဲ ဖြစ်သော တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် (၄၃) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ယှဉ်ပြိုင်ပွဲ အခမ်း အနားကို အဆိုပါစေတီတော်ဂေါပကအဖွဲ့မှ ကြီးမှူး၍ ၂၀၂၄-ခုနှစ် နိုဝင်ဘာလ (၁၄) ရက် (တန်ဆောင်မုန်းလဆန်း ၁၄ ရက်) တွင် အဆိုပါစေတီတော်ရင်ပြင် စနေထောင့်၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။


၎င်းမသိုးရွှေကြာသင်္ကန်းရက်လုပ်ယှဉ်ပြိုင်ပွဲ၌ သဇင်စင်တော်၊ ခတ္တာစင်တော်၊ မဉ္ဇူစင်တော်၊ ဇလပ်စင်တော်၊ အင်ကြင်းစင်တော်တို့ဖြင့် ရက်လုပ်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ရက်လုပ်ပြီးသည့် ရွှေကြာသင်္ကန်းများကို တန်ဆောင်မုန်း လပြည့်နေ့ဖြစ်သည့် နိုဝင်ဘာလ ၁၅ ရက်တွင် ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်များထံ စေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများက ဦးဆောင်၍ ဂေါပကအဖွဲ့၊ အလှူရှင်များနှင့် ပရိသတ်များက ဆက်ကပ်လှူဒါန်းပူဇော်ကြမည် ဖြစ်သည်။


အဆိုပါ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ယှဉ်ပြိုင်ကြသည့် စင်တော်နှင့်အသင်းများအား စိစစ်ရွေးချယ်ရေး အဖွဲ့က စစ်ဆေးပြီး ပထမဆု ငွေကျပ် (၁၀) သိန်း၊ ဒုတိယဆု ငွေကျပ် ကိုးသိန်း၊ တတိယဆု ငွေကျပ် ရှစ်သိန်း၊ စတုတ္ထဆု ငွေကျပ် ခုနစ်သိန်း၊ ပဉ္စမဆု ငွေကျပ်ခြောက်သိန်းကို တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်း၌ ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)