ရန်ကုန်၊ နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် မြို့နယ်လုံးဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက်ပိုင်းအချိန်က ကျင်းပခဲ့ပါတယ်။
မြို့နယ်လုံးဆိုင်ရာကထိန်ပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်ပြည်သူများ လှူဒါန်းထားသော ပဒေသာပင်(၅၅)ပင်အား ကထိန်အာနိသင် မရရှိသော ကျောင်းတိုက်(၃)ကျောင်းအား ရေစက်သွန်းချ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ယနေ့လှူဒါန်းသောပဒေသာပင်(၅၅)ပင်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင်ပြည်သူများပေါင်းစုကာ မူလဥယျာဉ်တိုက်ကျောင်းသို့ ပဒေသာပင်(၁၅)ပင်၊ သာသနာ့အောင်လံကျောင်းသို့ ပဒေသာပင်(၂၀)ပင်နှင့် သီရိသုခကျောင်းသို့ပဒေသာပင်(၂၀)ပင်တို့အား ရေစက်သွန်းချလှူဒါန်းခဲ့ရာ ပဒေသာပင်(၅၅)ပင်၏ ငွေသားတန်ဘိုး(၉၄၁၁၅၀၀ိ/)ကျပ်၊ပစ္စည်းတန်ဘိုး(၁၈၂၁၆၅၀၀ိ/)ကျပ်၊ စုစုပေါင်းပဒေသာပင်တန်ဘိုးမှာ(၂၇၆၂၈၀၀ဝိ)ကျပ်အား လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment