ဇီးကုန်းတိုက်နယ်အတွင်း ကျေးရွာအချို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးသွားကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းတိုက်နယ်အတွင်း ကျေးရွာအချို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးသွားကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ


နေပြည်တော်၊ နိုဝင်ဘာလ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်အတွင်းရှိ ကျောင်းကုန်း၊ ဖိုလ်ကုန်းနှင့် သပြေသာရွာတို့ကို နိုဝင်ဘာလ (၉) ရက်နေ့နှင့် (၁၀) ရက်နေ့များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးသွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါရက်များတွင် ၎င်းကျေးရွာအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုမရှိကြောင်း၊ အကြမ်းဖက်သမားများသည် “ငါနဲ့မတူ ငါ့ရန်သူ” ဟူ၍ အယူဝါဒဖြင့် ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် ရပ်ကွက်/ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ ကျူးလွန်လျက်ရှိပြီး ယင်းတို့၏ အကြမ်းဖက်လုပ်ရပ်များအား ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများက အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းများကို လုပ်ကြံရေးသားပြီး လူမှုကွန်ယက်တွင် ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)