ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရုံးချုပ်မှ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Mr. Edward Chaker Chaibanဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရုံးချုပ်မှ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Mr. Edward Chaker Chaibanဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ




နေပြည်တော်၊ နိုဝင်ဘာ ၁၂

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရုံးချုပ်မှ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Mr. Edward Chaker Chaiban ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့အား  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်၊ ၁၀ ၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရနှင့် UNICEF တို့အကြား လက်ရှိ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၌ UNICEF ၏ ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် အ မြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ 

အစည်းအဝေးသို့  နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ UNICEF ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသခွဲရုံးမှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် UNICEF ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)