ညောင်ဦး၊ နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကူတောကျေးရွာ၌ ၁၂-၁၁-၂၀၂၄ ရက်နေ့ ၁၂:၁၅ အချိန်ခန့်တွင် ကျေးရွာအုပ်ချုပ်ရေးမှုး ဦးဇော်လွင်ဦးအား PDF အကြမ်းဖက်သမားများမှ ရက်စက်စွာ သတ်ဖြတ်သွားခဲ့ကြသည်။
လုံခြုံရေးတာဝန်ရှိသူများမှ အခင်းဖြစ်ကျေးရွာသို့ သွားရောက်စစ်ဆေးခဲ့ရာ ဦးဇော်လွင်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကူတောကျေးရွာ၊ ကူတောကျေးရွာအုပ်စု၊ ငါ့သရောက်မြို့နေသူသည် ၎င်း၏ နေအိမ်ရှေ့ အဖီတဲတွင် ဝဲ-ရင်ဘတ် ဖောက်ဝင်ဒဏ်ရာ ၂ချက်၊ဦးခေါင်းငယ်ထိပ် ဖောက်ဝင်ဒဏ်ရာ ၁ချက်တို့ဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပြီး အခင်းဖြစ်နေရာအနီးမှ ၉-မမ ကျည်ခွံ ၂ခုအား တွေ့ရှိခဲ့ကြောင်း၊ဖြစ်စဉ်အား စုံစမ်းမေးမြန်းခဲ့ရာ ဦးဇော်လွင်ဦးသည် ၁၂:၀၀ အချိန်ခန့်က နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်သမား ၄ဦး ဆိုင်ကယ် ၂စီးဖြင့် ကူတောကျေးရွာအရှေ့ဘက်၊ ကြို့ပင်သာကျေးရွာဘက်မှ ရောက်ရှိလာပြီး သေနတ်အတိုဖြင့် နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ် သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment