ကြံခင်းမြို့နယ် ဗုဒ္ဓတစ်ထောင်အကာက်တောင်မုခ်ဦးတည်ဆောက်နိုင်ရေး မတည်ငွေထည့်ဝင်လှူဒါန်းခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် အလှူငွေပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့နယ် ဗုဒ္ဓတစ်ထောင်အကာက်တောင်မုခ်ဦးတည်ဆောက်နိုင်ရေး မတည်ငွေထည့်ဝင်လှူဒါန်းခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် အလှူငွေပေးအပ်






ကြံခင်း၊ နိုဝင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီက ဗုဒ္ဓတစ်ထောင် အကောက်တောင်ဘုရားမုခ်ဦးအတွက် မတည်အလှူငွေ​လှူဒါန်းခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက်အလှူငွေပေးအပ်ခြင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခြင်း နှုတ်ဆက်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က အဖွင့်အမှာစကားပြောကြားပြီး ကြံခင်း- အကောက်တောင်ဘုရားသွားလမ်း မုခ်ဦးသစ်ဆောက် လုပ်ရန်အတွက်ပုံစံမူကျမ်း၊ မတည် ထည့်ဝင်ငွေစာရင်းနှင့် ကုန်ကျစရိတ်များအား Power Point ဖြင့်ရှင်းလင်းပြောကြားသည်။ ထို့နောက် စေတနာအလှူရှင်များမှ အလှူငွေ ကျပ် ၃၁၃ သိန်းကို အလှူရှင်များမှပေးအပ် လှူဒါန်းကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်နှင့် ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့ခေါင်းဆောင် ဦးစိုးမြင့်တို့က လက်ခံရယူကြပြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖြစ်မြောက်ရေးအတွက် မတည်ငွေကျပ် သိန်း၂၀ ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က ပေးအပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က လက်ခံရယူခဲ့သည်။

ယင်းနောက် ကြံခင်းမြို့နယ်မှ ရှမ်း​ပြည်နယ် ကျိုင်းတုံမြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် မြို့နယ်အုပ်ချုပ်ရေးမှူး၏ နှုတ်ဆက်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။


ဖြိုးဝေလင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)