မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာ အုပ်ချုပ်ရေးမှူးကို လာသတ်သည့် PDF အကြမ်းဖက်သမားများက လူကိုမတွေ့သဖြင့် နေအိမ်ကို မိုင်းခွဲ၊ မီးရှို့ ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာ အုပ်ချုပ်ရေးမှူးကို လာသတ်သည့် PDF အကြမ်းဖက်သမားများက လူကိုမတွေ့သဖြင့် နေအိမ်ကို မိုင်းခွဲ၊ မီးရှို့ ဖျက်ဆီး


မလှိုင်၊ နိုဝင်ဘာ ၁၂

မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာအုပ်စု၊ သက္ကယ်ကျင်းကျေးရွာအတွင်းသို့ ၁၁-၁၁-၂၀၂၄ ရက်နေ့ ၁၆:ဝဝအချိန်ခန့်တွင် PDF အကြမ်းဖက်သမား အင်အား ၁၅၀ခန့် ကားကြီး/ငယ် ၇စီးဖြင့် ဝင်ရောက်လာကာ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်သို့ သွားရောက်ပြီး အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအား သတ်ဖြတ်ရန်ရှာဖွေခဲ့ရာ မတွေ့ရှိသဖြင့် ဦးသန်းထွန်း၏ နေအိမ်အား မိုင်းခွဲဖျက်စီး၍ တိုက်အိမ်အတွင်းရှိ အိမ်ထောင်ပရိဘောဂပစ္စည်းများကို ဖျက်ဆီးသွားကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများသည် နေအိမ်ကိုမီးရှို့ပြီး ၎င်းတို့အခြေပြုစခန်းရှိရာ သရက်ကန်ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းထွန်းမှာ ပြည်ခိုင်ဖြိုးပါတီနှင့်တပ်မတော်အား ထောက်ခံအားပေးဝန်းရံသူဖြစ်ပြီး ၂၉-၇-၂၀၂၄ ရက်နေ့တွင် တစ်အိမ်တည်းအတူနေ ပြည်ခိုင်ဖြိုးပါတီ၊ ရပ်ကျေး ဥက္ကဋ္ဌ ဖြစ်သူ အကိုအရင်း၊ ညီမအရင်းနှင့်သမီးအရင်းဖြစ်သူတို့နှင့် အတူ ရာအိမ်မှူး ၂ဦး၊စုစုပေါင်း ၅ဦး တစ်နေ့တည်း တစ်ချိန်တည်း အသတ်ခံရသည့်နေ့မှစ၍ တိမ်းရှောင်နေကြောင်း သိရသည်။ 

၅လောင်းပြိုင် သတ်ဖြတ်ခံရသည့်နေ့မှစ၍ ယနေ့အချိန်ထိ မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာအုပ်စု တစ်စုတည်းအတွင်းတွင် PDF အကြမ်းဖက်သမားများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများမပါဘဲ သတ်ဖြတ်ခံရသူ စုစုပေါင်း ၁၈ဦးရှိပြီဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)