မန္တလေး၊ နိုဝင်ဘာ ၁၂
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက်၊ ၃၆ လမ်း၊၇၁×၇၂ လမ်းကြားရှိ 36 Golden Dragon အဆင့်မြင့် Aircon တည်းခိုခန်း၊ အခန်းအမှတ်(၃၀၈) တွင် လာရောက်တည်းခိုသူ အမျိုး သမီး ၁ ဦး သေဆုံးနေကြောင်း သိရပြီး တာဝန်ရှိသူများ၏ စုံစမ်းစစ်မေးချက်များအရ အမျိုးသမီးနှင့် အတူလာနေသွားသည့် အမျိုးသားမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။
၁၁-၁၁-၂၀၂၄ ရက်နေ့ ၂၀:၄၅ အချိန်ခန့်တွင် မဟာအောင်မြေမြို့ နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၆ လမ်း၊၇၁×၇၂ လမ်းကြားရှိ 36 Golden Dragon အဆင့်မြင့် Aircon တည်းခိုခန်း၊ အခန်းအမှတ်(၃၀၈) တွင် လာရောက်တည်းခိုသူ အမျိုး သမီး ၁ ဦး သေဆုံးနေကြောင်း တည်းခိုခန်းမန်နေဂျာ မှ သတင်း ပေးပို့ချက်အရ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ တည်းခိုခန်း၊ အခန်းအမှတ်(၃၀၈)အတွင်း၌ တည်းခိုနေသော မကင်းဟွိုင်နိမ်အား ခုတင်ခြေရင်းတွင် အဝတ် အစားမပါ စောင်ဖြင့်အုပ်လျှက် ပက်လက် လဲကျသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း၊ အလောင်းအား စစ်ဆေးခဲ့ရာ မျက်နှာတွင် ညိုမည်းဒဏ်ရာ၊ ဝဲ-မျက်ခုံးဖူးရောင်ဒဏ်ရာ၊ မေးစေ့အောက် ညိုမည်းဒဏ်ရာများ ရရှိထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ တည်းခိုခန်း မန်နေဂျာ အား စစ်မေးခဲ့ရာ ၁၁-၁၁-၂၀၄ ရက်နေ့ ၁၆:၅၀ အချိန်ခန့်က သေဆုံးသူ အမျိုးသမီးနှင့်အတူ အမည်မသိ အမျိုးသား ၁ဦးတို့ လာရောက်တည်းခိုပြီး အမည်မသိအမျိုးသားမှာ ၁၈:၀၀ အချိန်ခန့်တွင် Kpay ထုတ်အုံးမည်ဟု ပြော၍ ထွက်ခွာသွားရာမှ တည်းခိုခန်းသို့ ပြန်လာခြင်းမရှိတော့ကြောင်း၊၂၀:၁၅ အချိန်ခန့်တွင် အခန်းခရှင်းရန်အတွက် မန်နေဂျာဖြစ်သူမှ အခန်းတံခါးခေါက်ရာတွင် ပြန်လည်ဖြေကြားခြင်းမရှိသဖြင့် အခန်းအား တည်းခိုခန်းရှိ သော့အပိုဖြင့် ဖွင့်ကြည့်ရာ မကင်းဟွိုင်နိမ်အား ခုတင်ခြေရင်းတွင် လဲကျသေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ သေဆုံးသူနှင့်အတူ လာရောက်တည်းခိုသူ အမည်မသိအမျိုးသားနှင့် ပတ်သက်၍ တည်းခိုခန်း ဧည့်စာရင်းမှတ်တမ်းတွင် ရေးသွင်းထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိခဲ့ရသည်။
မကင်းဟွိုင်နိမ်၊၂၇ နှစ်၊ ကျပန်း၊ မြို့မ(၁၄) ရပ်ကွက်၊ တမူးမြို့နေသူအား သေဆုံးအောင်ပြုလုပ်သူ အမည်မသိအမျိုးသားအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment